Social Icons

Pages

Saturday, September 14, 2013

သက်ကြီးရွယ်အို များအတွက် နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ ဂေဟာ ဖွင့်လှစ်ရန်စီစဉ်


ရန်ကုန် ၊ ၁၄-၉-၂၀၁၃

သက်ကြီးရွယ်အို ဘိုးဘွားများ အတွက် နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ ဂေဟာ ( Day care centre foe the Aged ) ကို လာမည့် အောက်တိုဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ သိရသည်။

ဖွင့်လှစ်မည့် နေရာမှာ မရမ်းကုန်း မြို့နယ် ၊ ကမ္ဘာအေး ဘုရားလမ်း နှင့် ပါရမီ လမ်းထောင့်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ရုံးချုပ် အဆောက်အအုံ ဟောင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သက်ကြီး ရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတွင် ဆွေမျိုး ၊ သားသမီး မရှိဘဲ ပင်ပန်း ကြီးစွာ ရှာဖွေ စားသောက် ကြရသည့် ဘိုးဘွားများ အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာ ၇၀ ကျော်တွင် ဘိုးဘွား အရေအတွက် ၂၃၀၀ ကျော်ရှိပြီး နိုင်ငံတကာ နှင့် ယှဉ်လျှင် စောင့်ရှောက်မှုနှုန်း နည်းပါး သေးကြောင်း ၊ သက်ကြီး ရွယ်အို ၅ ဒသမ ၄ သန်းခန့် ရှိနေပြီး ၅၄၀၀၀၀ ခန့်မှာ အရေးပေါ် ကူညီ စောင့်ရှောက်မှု လိုအပ် နေသည်ဟု လည်း သိရှိရသည်။ (၄၀၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...