Social Icons

Pages

Thursday, September 12, 2013

ရန်ကုန်မြို့၌ စီးပွားရေး အဆောက်အအုံ စီမံကိန်း တည်ဆောက်ရန် စတင်ဆောင်ရွက်


ရန်ကုန် ၊ ၁၂-၉-၂၀၁၃

ရန်ကုန်မြို့၌ စီးပွားရေး အဆောက်အအုံ စီမံကိန်း တစ်ခု တည်ဆောက်ရန် စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

အဆိုပါ စီမံကိန်းတွင် ဟိုတယ် ၊ ကွန်ဗင်းရှင်း စင်တာ ၊ ပြခန်းများ ၊ ကဇာတ်ရုံများ ၊ ရုပ်ရှင်ရုံများ ၊ စားသောက်ဆိုင်များ ၊ အီလက်ထရွန်နစ် စင်တာများ ၊ အရောင်းပြခန်း များ ( Shopping Mall ) ၊ ရုံးခန်းများ ( Office Appartment ) နှင့် လူနေတိုက်ခန်း ( Condo ) တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်း ကို ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ဗိုလ်မင်းရောင် လမ်းနှင့် မြန်မာ့ ဂုဏ်ရည်လမ်း ရှိ မြေဧရိယာ ၈ ဒသမ ၅၁၈ ဧက ပေါ်တွင် ဆောက်လုပ် သွားမည် ဖြစ်ပြီး အဆိုပါ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံခြား ကုမ္ပဏီများ ၊ ပြည်တွင်း ကုမ္ပဏီများ နှင့် နိုင်ငံခြား ကုမ္ပဏီများ ပါဝင်သည့် ဖက်စပ် လုပ်ငန်းများ ( Joint Ventures ) မှ မြေငှားရမ်းခြင်း အတွက် တင်ဒါ ခေါ်ယူ ထားကြောင်း သိရသည်။

ယင်း စီမံကိန်း ကို ရင်းနှီး မြှုပ်နှံလိုသူ များအနေဖြင့် မြန်မာနိုင်ငံ ကုန်သွယ်မှုဘဏ် ၊ ငွေစာရင်း အမှတ် 1- DA- 0691886 ( MFTB ) သို့ ပြည်ပငွေ အရင်း လွှဲပြောင်းမှု ( Overseas account transfer ) နည်းလမ်းဖြင့် အမေရိကန် ဒေါ်လာ တစ်ထောင် ( US$ 1000 ) ပေးသွင်း၍ စက်တင်ဘာလ ၁၉ ရက် မှ စတင်၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၌ တင်ဒါ ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တင်ဒါ တင်သွင်းမည် ဆိုပါက အာမခံ အဖြစ် အမေရိကန် ဒေါ်လာ တစ်သန်း ( US$ 1000000 ) တန်ဖိုးရှိ သက်တန်း ၆ လရှိသော ဘဏ်အာမခံ ပါရှိရမည် ဖြစ်ပြီး ယင်း ဘဏ်အာမခံ ကို ပြည်တွင်း သို့မဟုတ် မြန်မာ နိုင်ငံခြား ကုန်သွယ်မှုဘဏ် ဖြစ်သော ပြည်ပဘဏ် မှ ထုတ်ယူ ပေးခြင်း ဖြစ်ရမည် ဖြစ်ကြောင်း လည်း သိရသည်။


" စီမံကိန်း တွေ ဒီလို အကောင် အထည်ဖော် တာကောင်း ပါတယ် ၊ ဒါပေမယ့် အခြေခံ လူတန်းစား တွေအပေါ် အကျိုး သက်ရောက်မှု ကတော့ နည်းတယ် ၊ ဒီလို စီမံကိန်း တွေက လူနည်းစု အတွက်သာ အကျိုးအမြတ် ရှိစေတာ ဖြစ်ပါတယ် ၊ ဒီလို စီမံကိန်းတွေ အကောင် အထည်ဖော် တာနဲ့အတူ အခြေခံ လူတန်းစား ကိုလည်း ၀င်ငွေ တိုးအောင် လုပ်ဆောင် ပေးဖို့ လိုပါတယ် ၊ ဒါမှ ဒီလို စီးပွားရေး နေရာတွေကို သွားရောက်ပြီး သုံးစွဲ နိုင်မှာ ဖြစ်ပါတယ် ... " ဟု စီးပွားရေး ပညာရှင် ဦးငွေသိန်း က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။ ( အိချယ်ရီအောင် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...