Social Icons

Pages

Thursday, September 12, 2013

ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်၌ မြေပြို၍ လူလေးဦးသေဆုံး


ခန္တီး ၊ ၁၂-၉-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ပင်ဖာဖာ ကျေးရွာ အနောက်ဘက် ၂ မိုင်ခန့် အနီးရှိ ဝှေပိန်းချောင်း ရွှေလုပ်ကွက်တွင် စက်တင်ဘာလ ၉ ရက် ညနေ ၃ နာခွဲက မြေပြို၍ ရွှေလုပ်သား ၄ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်း အတည်ပြုချက် ရယူနိုင်ရန် ဟုမ္မလင်း ဒေသခံ ရွှေလုပ်ငန်းရှင် တစ်ဦးအား ဆက်သွယ် မေးမြန်းခဲ့ရာ သေဆုံးသူ များမှာ ကိုဝင်းကျော် ၃၄ နှစ် (ဘ) ဦးထွန်းရှင် ( ခုံသာ ကျေးရွာ ၊ ဖောင်းပြင်မြို့နယ် ) မောင်မင်းသန်းနိုင် ၂၁ နှစ် (ဘ) ဦးကြည်မြင့် ( ချိုင်ကျေးရွာ ၊ ကနီမြို့နယ် ) မခင်စန်းရီ ၃၅ နှစ် ( မကျေးရွာ ၊ ဖောင်းပြင် မြို့နယ် ) နှင့် အောင်အောင်စိုး ၃၅ နှစ် (ဘ) ဦးသာဖေ ( ဖောင်းပြင် မြို့နယ် ) နေသူတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေပြိုကျမှု ဖြစ်ပွားစဉ် တွင် သေဆုံးသူ လူ ၄ ဦးနှင့် အတူ ရွှေတူးဖော်ရေး လုပ်ငန်းသုံး ရေစုပ်စက် ကြီးများကို ရေနစ်မြှုပ် တော့မည့် အခြေအနေ ကြောင့် ဆယ်ယူ ဖော်ထုတ် နေသည့် အချိန်တွင် အသက်ဘေးမှ လွတ်မြောက် လာသူ ၂ ဦးလည်း ရှိကြောင်း သိရသည်။


အဆိုပါ သေဆုံးသူ ၄ ဦးနှင့် ပတ်သက်၍ ဟုမ္မလင်း မြို့မ ရဲစခန်း မှ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် - မဟုတ် ဆက်လက်၍ စစ်ဆေး ဆောင်ရွက် နိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၁၆/ ၂၀၁၃ အရ အမှုရေးဖွင့် ထားသည်ဟု သိရှိရသည်။ (၄၅၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...