Social Icons

Pages

Friday, September 13, 2013

လက်နက်ကိုင် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်


နေပြည်တော် ၊ ၁၃-၉-၂၀၁၃

TNLA ၊ KIA နှင့် SSA ( ၀မ်ဟိုင်း ) ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် စက်တင်ဘာလ ၉ ရက် နံနက် ၈ နာရီခန့် က ရှမ်းပြည်နယ် ၊ ကွတ်ခိုင် မြို့နယ် ၊ လောခုံရွာ အတွင်းသို့ ၀င်ရောက်ပြီး ကျေးရွာ အတွင်းရှိ အိမ်များအား အတင်း အဓမ္မ ၀င်ရောက် ရှာဖွေကာ ကျေးရွာ ပြည်သူ့စစ် အိမ်များမှ ရိုင်ဖယ် သေနတ် ၁၅ လက်ကို သိမ်းဆည်း ယူဆောင် သွားခဲ့ကြောင်း နှင့် ကျေးရွာမှ ဦးအိုက်ဝမ် ၃၅ နှစ် ၊ ဦးအိုက်တလစ် ၃၈ နှစ်တို့ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။


လက်နက်ကိုင် သောင်းကျန်းသူ များ၏ အဓမ္မ လုပ်ရပ်များကြောင့် ကျေးရွာ ပြည်သူလူထု မှာ ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး ကျေးရွာ မူလတန်းကျောင်း ကိုလည်း ပိတ်ထား ရကြောင်း နှင့် တပ်မတော် စစ်ကြောင်းများမှ ကျေးရွာရှိ ပျက်စီး သွားသော စာသင်ကျောင်း နှင့် အိမ်များအား ပြင်ဆင် ပေးခြင်း ၊ ပတ်ဝန်းကျင် ၌ ပုန်းအောင်း နေထိုင်လျက် ရှိသော ကျေးရွာသား များအား ပြန်လည် ခေါ်ယူ၍ လိုအပ်သည်များ ထောက်ပံ့ ကူညီ ပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...