Social Icons

Pages

Friday, September 13, 2013

၈၁ မမ ဗုံးသီးများ ဖော်ထုတ် သိမ်းဆည်းရမိ


နေပြည်တော် ၊ ၁၃-၉-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာချီလိတ် မြို့နယ် ၊ မိုင်းဖုန်း(က) အုပ်စု ပါဆာရွာရှိ လွန်းလိန်း ဘုန်းတော်ကြီး ကျောင်းအနီး တောစပ်တွင် မူးယစ် တရားခံ နော်ခမ်း ရှိစဉ်က ခဲယမ်းများ မြှုပ်နှံ ထားကြောင်း သတင်း ရရှိသဖြင့် စက်တင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်း က တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေး ရှာဖွေရာ မြေကြီးအောက် အနက် ၂ ပေခန့်မှ ပလတ်စတစ် ပုံးအစိမ်း အတွင်း ထည့်ထားသော ၈၁ မမ ဗုံးသီး ၂၂ လုံးအား ဖော်ထုတ် သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်း ရမိ ဗုံးသီးများအား ခဲယမ်းစစ် အဖွဲ့များဖြင့် စစ်ဆေးပြီး သက်ဆိုင်ရာ သို့ စနစ်တကျ အပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...