Social Icons

Pages

Sunday, August 4, 2013

စစ်တုရင်အားကစားပြိုင်ပွဲ တွင် အိမ်ရှင်မြန်မာ ရွှေအများဆုံးဖြင့် ဦးဆောင်လျက်ရှိ


နေပြည်တော် ၊ ၄-၈-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို နိုင်ငံတကာ စစ်တုရင် ဖိတ်ခေါ် အားကစား ပြိုင်ပွဲအား နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ စတုတ္ထနေ့ အဖြစ် ဆက်လက် ယှဉ်ပြိုင် ကစားလျက် ရှိကြောင်း သိရသည်။

အဆိုပါ စစ်တုရင် ပြိုင်ပွဲတွင် မြန်မာ ၊ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူ ၊ လာအို နှင့် ဗီယက်နမ် နိုင်ငံတို့မှ အားကစား သမားများ ယှဉ်ပြိုင် ကစားရာတွင် မြန်မာအသင်း အနေဖြင့် အမျိုးသား ၁၆ ဦး နှင့် အမျိုးသမီး ၇ ဦးတို့ ပါဝင်ယှဉ်ပြိုင် ၍ ဆုတံဆိပ်များ အနေဖြင့် ရွှေ ၁၇ ခု ၊ ငွေ ၇ ခု ၊ ကြေး ၈ ခု ရရှိပြီး ထိုင်းနိုင်ငံ မှ ရွှေ ၈ ခု ၊ ငွေ ၃ ခုနှင့် ကြေး ၆ ခု ၊ အင်ဒိုနီးရှား မှ ငွေ ၁ ခု ၊ ကြေး ၁ ခု ၊ စင်ကာပူ မှ ငွေ ၁ ခု ၊ လာအို မှ ကြေး ၁ ခု အသီးသီး ရရှိကြသည်။


စစ်တုရင် ပြိုင်ပွဲ အားကစားနည်းများ အနေဖြင့် အပြည်ပြည် ဆိုင်ရာ စစ်တုရင် ကစားနည်း ၊ အာဆီယံ စစ်တုရင် ကစားနည်း နှင့် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်း များအား ယှဉ်ပြိုင် ကစားခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...