Social Icons

Pages

Friday, August 30, 2013

ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင်ရာ သုတေသီ အများဆုံး ဖြစ်ကြောင်း သိရ


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ကရင်ပြည်နယ် ရှိ ရှေးဟောင်း ဘုရားစေတီ များကို ဂူကြီးများအတွင်း ထုလုပ်ထားခဲ့မှု များသည် လွန်ခဲ့သော အေဒီ ၇ ရာစုအတွင်းက ထုလုပ်ထား ခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် များကို လာရောက် လေ့လာသော သမိုင်း သုတေသီများမှာ ကရင်ပြည်နယ် သို့ လာရောက်ကြပြီး ပြင်သစ် ပညာရှင်များ အဓိက လာရောက် ကြကြောင်း ကရင်ပြည်နယ် ၏ ရှေးဟောင်း ဘုရားများကို စောင့်ရှောက်နေ သူတစ်ဦးဖြစ်သူ ဆရာကြီး မောင်မောင်ကြည် က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်တွင် ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များမှာ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသောကြောင့် နိုင်ငံတကာ သမိုင်း သုတေသန များ အများအပြား လာရောက် ကြသော နေရာဖြစ်ပြီး သမိုင်းဆိုင်ရာ စာတမ်းများရေး သားထုတ်ဝေ နိုင်ရန် တိုင်းရင်းသားများ နှင့် သမိုင်းဆိုင်ရာ အချက်အလက် များရရန် ကရင်ပြည်နယ် သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် များစွာရှိနေပြီး ကော့ကွန်းဂူမှာ ၇ ရာစုနှစ် လောက်က ကျောက်စာများ ပါရှိနေပြီး အခြားသော ထုံးကျောက်ဂူ များတွင်လည်း ရှေးဟောင်း လက်ရာ အများအပြား ကျန်ရှိ နေနိုင်သေးပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း သိရသည်။


ကရင်ပြည်နယ်သည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်သော ဒေသကြီးဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် နယ်စပ်မြို့ကြီး နှစ်မြို့ထိစပ်နေမှု များကြောင့် နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်ရန် အကောင်းဆုံး အနေအထား တွင်ရှိနေပြီး ကရင်ပြည်နယ် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ အများအပြား ရရှိနိုင်သော အခြေအနေ တွင် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...