Social Icons

Pages

Friday, August 30, 2013

ပြည်ပဆားများ ပြည်တွင်းသို့ ၀င်ရောက်မှု များပြားလာသဖြင့် ပြည်တွင်းဆားဈေးကွက် အခြေအနေ ယိုင်နဲ့နေ


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ပြည်တွင်း ဆားထုတ်လုပ် သူများသည် အိမ်နီးချင်း နိုင်ငံများမှ ထုတ်သော အရည်အသွေးမြင့် ဆားများကို မယှဉ်ပြိုင် နိုင်သဖြင့် ဆားထုတ်လုပ်ငန်း ကွယ်ပျောက်လု နီးအခြေအနေ နှင့် တွေ့ကြုံ နေရကြောင်း သိရသည်။

ပြည်တွင်း ဆားဈေးကွက်သို့ ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ တို့မှ အရည်အသွေးမြင့် ဆားဈေးများ ပြည်တွင်း ဈေးကွက် သို့ တင်သွင်း နေသည့် ဆားများမှာ လူကြိုက်များပြီး ပြည်တွင်းဖြစ် ဆားများမှာ မယှဉ်နိုင် ကြောင်း သိရသည်။အဆိုပါ ဆားဈေးနှုန်း ကွာခြားခြင်းမှာ ပြည်တွင်းရှိ ဆားထွက်ရာ ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရှိ ဆားလုပ်ကွက်များ မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလမှစ၍ ယခုအချိန်ထိ ယခင် လုပ်ကိုင် နေသည့် လူများထဲမှ အနည်း အကျဉ်းသာ ဝင်ရောက် လုပ်ကိုင်နေပြီး ယင်းသို့ လုပ်ကိုင် နေသည့် သူများမှာ နည်းပညာ အခက်အခဲ များကြောင့် ဆားဈေးကွက် ကို မယှဉ်ပြိုင် နိုင်ဘဲ အခက်များနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

ယခုအချိန်တွင် ဆားလုပ်ကွက် ဧက တစ်သောင်းကျော် ရှိသည့်အနက် ၁၇၁ ဧက လောက်သာ လုပ်ကိုင် နေခြင်းတို့ကြောင့် ယခင် ဆားလုပ်ငန်း ကို မှီခို လုပ်ကိုင် သူများမှာ မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ဆီမှာ ဆားလုပ်ကွက် အများကြီး ရှိပါတယ် ၊ နာဂစ် မုန်တိုင်း အပြီး ရာသီဥတု ဆိုးဝါးသဖြင့် ဆားထွက်ရှိမှု ကလည်း လျော့ကျ သွားပါတယ် ၊ လုပ်တဲ့ သူတွေလည်း သိပ်မလုပ် နိုင်ဘူး ၊ အခုလို ဖြစ်တော့ ပြည်ပလုပ် ဆားများ ၀င်ရောက် လာခဲ့ပြီး ဒီဆားတွေကို ဘယ်လိုမှ မကျော်နိုင်ဘူး ... " ဟု မြန်မာ ဆားလုပ်ငန်း ကြီးကြပ်သူ ဦးအုန်းသန်း က ပြောကြား ခဲ့သည်။


ထိုသို့ ဆားဈေးကွက်များ ကျဆင်းနေမှုကို ပြင်လည် မြှင့်တင်ပေးရန် သတ္ထုတွင်း ၀န်ကြီးဌာန သို့တင်ပြကာ စက်မှု နည်းပညာ များကို ပံ့ပိုး ကူညီ ဆောင်ရွက် ပေးစေရန် တင်ပြထားကြောင်း ယင်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင် များက ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...