Social Icons

Pages

Monday, July 29, 2013

Flying Colours ပန်းချီပြပွဲကျင်းပ


ရန်ကုန် ၊ ၂၉-၇-၂၀၁၃

နာမည်ကြီး ပန်းချီဆရာများ ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်း မြို့နယ် အမှတ်(၂၇) ၊ န၀ဒေးလမ်း ရှိ န၀ဒေး အနုပညာ ပြခန်းတွင် ဇူလိုင်လ ၂၆ ရက်မှ စတင်ပြီး Flying Colours အမည်ဖြင့် ပန်းချီပြခန်း ကို ဖွင့်လှစ် ပြသလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲတွင် နာမည်ကြီး ပန်းချီဆရာ ၂၂ ဦးတို့၏ လက်ရာများကို ပြသထားကြောင်း Acrylics ၊ ဆီဆေး နှင့် ရေဆေး စသည့် ပန်းချီကား အမျိုးအစားပေါင်း ၉၀ ကျော် ပြသထားကြောင်း Flying Colours အမည်ဖြင့် ပထမဆုံး ပြသခြင်း ဖြစ်သည်ဟု သိရသည်။ ပြပွဲတွင် ပြသထားသော ပန်းချီကားများကို ရောင်းချမည် ဖြစ်ပြီး ပန်းချီကား တန်ဖိုးမှာ ငွေကျပ် တစ်သိန်းမှ ၃၅ သိန်း အထိ ရှိကြောင်း သိရသည်။

ပြပွဲ၏ ရည်ရွယ်ချက် မှာ နိုင်ငံတကာ သို့ မြန်မာပန်းချီ ဆရာများ၏ လက်ရာ ပန်းချီများကို ပြသရန် ဖြစ်ကြောင်း ၊ ပန်းချီဆရာ တစ်ဦးနှင့် တစ်ဦး ပန်ချီး ပညာကို ဖလှယ်နိုင်စေရန် ၊ တိုင်းပြည်အတွက် အနုပညာ အနှစ်များကို ပြသရန် နှင့် နောင်လာ နောက်သား များ ပန်းချီပညာကို လေးစား တတ်စေရန် ရည်ရွယ်ကာ ပန်းချီပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပန်းချီပြပွဲ တာဝန်ရှိသူ ပန်းချီ ဆရာကြီး ရှေ့သို့ ဦးရဲမြင့် က ပြောကြား ခဲ့သည်။


အဆိုပါ ပန်းချီပြပွဲ ကို ဇူလိုင်လ ၂၆ ရက်မှ သြဂုတ်လ ၃ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ပြထားလျက် ရှိပြီး ပန်းချီပညာကို စိတ်ဝင်စား သူများ အခမဲ့ လာရောက် ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...