Social Icons

Pages

Monday, July 29, 2013

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ PR စနစ်ဖြင့် နေထိုင်နိုင်စေရန် စီစဉ်ဆောင်ရွက်နေ


ရန်ကုန် ၊ ၂၉-၇-၂၀၁၃

မြန်မာနိုင်ငံ တွင် ကာလကြာမြင့်စွာ နေထိုင် လိုကြသော နိုင်ငံခြားသား များနှင့် ပြည်ပသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား ဟောင်းများသည် Permanent Residence ( PR ) စနစ်ဖြင့် မြန်မာနိုင်ငံ တွင် အချိန်ကြာမြင့်စွာ နေထိုင် နိုင်စေရန် အတွက် လူဝင်မှု ကြီးကြပ်ရေး ၊ ပြည်သူ့ အင်အားဝန်ကြီး ဌာန အပါအ၀င် အခြား သက်ဆိုင်ရာ ၀န်ကြီးဌာန များမှနေ၍ စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

မကြာမီ မြန်မာနိုင်ငံ၌ အဆိုပါ Permanent Residence ( PR ) စနစ်ကို ဥပဒေ တစ်ရပ် အနေဖြင့် တရားဝင် ပြဌာန်းပြီး ကျင့်သုံး လာနိုင်သည် အထိ သက်ဆိုင်ရာ ဌာနများက ပူးပေါင်း ဆောင်ရွက်ကာ အကောင် အထည်ဖော် သွားကြမည် ဖြစ်သည်။ ယခုအခါ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ပွဲများ ပြုလုပ်လျက် ရှိသည်ဟု လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ညှိနှိုင်း အစည်းအဝေး များမှ ရရှိလာသော ဆွေးနွေးပွဲ ရလဒ်များကို သက်ဆိုင်ရာ ဌာနများနှင့် ၀န်ကြီးဌာနများ သို့ ပေးပို့ပြီး လိုအပ်သော အကြံဉာဏ်များ ၊ သဘောထား မှတ်ချက်များ ပေးပို့ ကြရန်လည်း တိုက်တွန်း ထားသည်။ ထိုသို့ ပေးပို့လာသော အကြံဉာဏ်များ နှင့် သဘောထား မှတ်ချက်များ အပေါ် အခြေခံကာ နောက်ထပ် ညှိနှိုင်း ဆွေးနွေးပွဲများကို ပြုလုပ် ပြီးနောက် အဆိုပါ PR စနစ်ကို အောင်မြင်စွာ အကောင် အထည်ဖော် နိုင်လိမ့်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် စီစဉ် ဆောင်ရွက်နေသော မိမိတို့ နိုင်ငံတွင် ပြည်တွင်း ၊ ပြည်ပ စီးပွားရေး ကဏ္ဍများ နှင့် နည်းပညာ ဆိုင်ရာကဏ္ဍ များတွင်လည်း ဖွံ့ဖြိုး တိုးတက် လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ် ခဲ့သည့်အတွက် နိုင်ငံတကာ မှ နိုင်ငံခြားသားများ အရေအတွက် တိုးတက် များပြားစွာ ၀င်ရောက်လျက် ရှိရာ လိုအပ်ပါက ဤနိုင်ငံတွင် ၄င်းတို့ အဆင်ပြေစါာ ရေရှည် နေထိုင်နိုင် စေရန် အတွက် ရည်ရွယ်၍ အဆိုပါ Permanent Residence ( PR ) စနစ်ကို ကြိုးပမ်း ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...