Social Icons

Pages

Monday, July 29, 2013

ဂျပန် - မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို သြဂုတ်လ အတွင် ချုပ်ဆိုသွားမည်


ရန်ကုန် ၊ ၂၉-၇-၂၀၁၃

ဂျပန် - မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆို နိုင်ရန် နောက်ဆုံးအဆင့် ထိ ရောက်ရှိ နေပြီး သြဂုတ်လ အတွင်း စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် မှ သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံ နေကြသော နိုင်ငံများ အနက် အဆင့် ၁၂ သို့ရောက်ရှိ နေပြီး ၂၀၁၅ ခုနှစ်တွင် အဆင့် ၁ မှ ၅ အတွင်း ရောက်ရှိ လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ ရှိ ကုမ္ပဏီများမှ မြန်မာနိုင်ငံ အတွင်းသို့ အများဆုံး ရင်းနှီးမြှုပ်နှံ ရန် ၀င်ရောက် လာနေပြီး ၂၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ၊ ပြင်ပမှ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံ ရာတွင် လျှပ်စစ်ကဏ္ဍ သည် အများဆုံး ဖြစ်နေကြောင်း နှင့် စက်မှုကဏ္ဍ နှင့် စိုက်ပျိုးရေး ကဏ္ဍတွင်မူ ရင်းနှီးမြှုပ်နှံမှု နည်းပါး နေသေးကြောင်း သိရသည်။

အစိုးရအနေဖြင့် မဟာရန်ကုန် မြို့တော် စီမံကိန်း အတွက် ဂျပန်အစိုးရ အဖွဲ့ JICA နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး စတော့ ရှယ်ယာ ဈေးကွက် အတွက် ဂျပန်နိုင်ငံ မှ ဒိုင်ဝါအဖွဲ့ နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။


၂၀၁၃ ခုနှစ် ဇွန်လကုန် စာရင်းများ အရ မြန်မာနိုင်ငံ အတွင်း လာရောက် ရင်းနှီးမြှုပ်နှံ ထားသည့် ငွေကြေး ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...