Social Icons

Pages

Wednesday, July 31, 2013

မြန်မာတစ်နိုင်ငံလုံးတွင် သစ်မွှေးကို စီးပွားဖြစ် စိုက်ပျိုးမှု စံချိန်တင်မြင့်တက်


ရန်ကုန် ၊ ၃၁-၇-၂၀၁၃

ပြည်တွင်း စိုက်ပျိုးရေးတွင် သမားရိုးကျ အပင်များ နှင့် ဒေသတွင်း စီးပွားဖြစ် မြန်သော သနပ်ခါး ရော်ဘာပင်များ ကိုသာ စိုက်ပျိုး ခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်း ရပ်ဝန်းများ ဖြစ်သော ဧရာဝတီမြစ် အနောက်ဖက်ကမ်း ဒေသများနှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ တွင် သစ်မွှေး စိုက်ပျိုးမှုမှာ စံချိန်တင် မြင့်တက်လျက် ရှိကြောင်း သိရသည်။

သစ်မွှေးတစ်တုံးကို ပြည်ပသို့ တင်ပို့မည် ဆိုပါက အဆီအနှစ် ကောင်း ပထမအဆင့် သည် တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ ၃ သောင်းခန့် ဈေးပေါက်နေပြိး အခြား စီးပွားဖြစ် စိုက်ပျိုးလျက် ရှိသော စိုက်ပျိုးပင်များ ထက်ပို၍ ဈေးကောင်း ရသောကြောင့် စိုက်ပျိုးရေး သမားများက ပိုမို စိတ်ဝင်စား လာကြောင်း ပြင်ဦးလွင်မြို့ခံ တစ်ဦးက ပြောကြား ခဲ့သည်။ သနပ်ခါးပင် မှာ အမြင့်ဆုံး ငွေကျပ် ၃ သိန်းနီးပါး ရရှိပြီး ရော်ဘာပင် မှာလည်း ဒေသအလိုက် ပေါက်ဈေး အမျိုးမျိုး ရှိကာ ရော်ဘာ တစ်ပင်လျှင် ငွေကျပ် ၂ သိန်းခန့် ပေါက်ဈေး ရှိကြောင်း သံဖြူဇရပ် မြို့နယ် ရှိ ဒေသခံများထံမှ သိရသည်။


ယခုအချိန်တွင် ၂ နှစ်သား သစ်မွှေး အပင်ပေါက် ၊ အပင်အမြင့် ၂ပေခွဲ ၃ပေခန့် တစ်ပင်လျှင် ငွေကျပ် ၂၅၀၀ ၊ ၃၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။ သစ်မွှေးများကို အမွှေးနံ့သာများ ၊ ဆေးဝါးနှင့် ပရိဘောဂ များ ပြုလုပ်ရာ၌ အသုံးပြု နေခြင်းကြောင့် ဈေးကွက် ကြီးမား လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...