Social Icons

Pages

Wednesday, July 31, 2013

နှစ်နိုင်ငံအစိုးရအကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော် ၊ ၃၁-၇-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ နှင့် ဘရာဇီး ပြည်ထောင်စု သမ္မတ နိုင်ငံအစိုးရ တို့အကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနား ကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အစည်းအဝေး ခန်းမ္ပ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပရာ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကိုကိုဦး က အမှာစကား ပြောကြား ရာတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ် သည် မိမိတို့ နှစ်နိုင်ငံ အကြား သိပ္ပံ နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်ပါကြောင်း ၊ မိမိတို့ နှစ်ဦးနှစ်ဖက် အနေဖြင့် ဖြည့်စွက် သဘောတူ ညီချက်များမှ တစ်ဆင့် အပြန်အလှန် စိတ်ဝင်စားမှု နယ်ပယ်များတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စီမံကိန်း များကို အကောင် အထည်ဖော် ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း ၊ မိမိတို့၏ ကြိုးပမ်း အားထုတ်မှု များမှတစ်ဆင့် မြန်မာနိုင်ငံ နှင့် ဘရာဇီး နိုင်ငံ ပြည်သူများ အကြား တည်ရှိဆဲ ခင်မင်မှု နှင့် ချစ်ကြည် ရင်းနှီးမှု တို့ကို ပိုမို အားကောင်း လာစေနိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အဖိုး ထိုက်တန်သော ဆောင်ရွက်မှု ဖြစ်မည်ဟု မိမိ အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီး နိုင်ငံ သံအမတ်ကြီး H.E Mr. Jose Carlos da Fonseca Junior က ယခု သဘောတူ စာချုပ် ရေးထိုးခြင်း ဖြင့် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်း လာမည် ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ အမြန်ဆုံး လာရောက်၍ ဆွေးနွေးနိုင်ရန် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။


ယင်းနောက် ပြည်ထောင်စု ၀န်ကြီး နှင့် ဘရာဇီး သံအမတ်ကြီး တို့သည် နှစ်နိုင်ငံ အစိုးရအကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်တို့ကို လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...