ရန်ကုန် ၊ ၂၄-၇-၂၀၁၃
မြန်မာပြည်တွင် ပြည်ပ ရင်းနှီးမြှပ်နှံမှု
များဝင်ရောက် လာသည်နှင့် အမျှ ဂျပန်စီးပွားရေး လုပ်ငန်းရှင် များလည်း ၀င်ရောက်ခဲ့ရာ
ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဖြစ်သော Toyo Logistics ကုမ္ပဏီ သည်လည်း စတင်
ဝင်ရောက်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Toyo Logistics ကုမ္ပဏီမှ ရန်ကုန်တွင်
ရုံးခွဲ ဖွင့်လှစ်ပြီး စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင် ထားသည်။ Toyo Logistics မှ လုပ်ငန်း
ကိစ္စရပ်များ စီမံခန့်ခွဲ သွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန်
ယာယီ ဖွဲ့စည်း မှတ်ပုံတင်ခွင့် ကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာန တွင် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် အခြား ဂျပန် သယ်ယူပို့ဆောင်ရေး
လုပ်ငန်း ဖြစ်သော Nippon Express မှလည်း လုပ်ငန်းများ ဆောင်ရွက် နေကြောင်း ၊ Toyo
Logistics ကုမ္ပဏီမှ လုပ်ဆောင်မည့် လုပ်ငန်း များသည် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး ၊
လေကြောင်း သယ်ယူ ပို့ဆောင်ရေး ၊ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး နှင့် ကုန်ပစ္စည်း သိုလှောင်
ဖြန့်ချရေး လုပ်ငန်းများကို အဓိက လုပ်ဆောင် သွားမည့်အပြင် အိမ်ခြံမြေ စီမံကိန်း များတွင်
ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment