Social Icons

Pages

Thursday, July 25, 2013

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်


၂၅-၇-၂၀၁၃

ထိုင်းနိုင်ငံ အလယ်ပိုင်း ၊ အရှေ့ပိုင်း နှင့် အရှေ့မြောက် အနိမ့်ပိုင်း ဒေသများရှိ ပြည်နယ် အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချန်သာဘူရီ ၊ တရတ် ၊ ရနောင်း နှင့် နခွန်ရက် ချာစီမာ ပြည်နယ်များရှိ မြို့များတွင် ဇူလိုင်လ ၂၃ ရက်နေ့၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

ချန်သာဘူရီ ပြည်နယ် ၊ မြောင်ခရိုင်ရှိ မြို့နယ် ၅ ခုတွင် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၌ မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် လမ်းများနှင့် အဆောက်အအုံများ နစ်မြှုပ်လျက် ရှိပြီး လူ ၁၀၀၀၀ ခန့် ရေဘေး အန္တရာယ် နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။ တရတ် ပြည်နယ်တွင် လမ်းမများပေါ် တွင် ၂၀ စင်တီမီတာ မှ ၃၀ စင်တီမီတာ ခန့်အထိ ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက် ရှိပြီး ယာဉ်ငယ်များ မောင်းနှင် သွားလာ၍ မရကြောင်း သိရသည်။ ရနောင်း ပြည်နယ်တွင် ပြီးခဲ့သော ရက်သတ္တပတ် မှစ၍ မိုးဆက်လက် ရွာသွန်းမှုကြောင့် မြောင်ခရိုင်ရှိ Bang Rin ဒေသတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက် ရှိသည်။


နခွန်ရက် ချာစီမာ ပြည်နယ်တွင် ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက်များ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာ အနှံ့အပြားတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက် ရှိသည်။ အဆိုပါ ဒေသများတွင် မိုးများ ဆက်လက် ရွာသွန်း နိုင်ဖွယ် ရှိခြင်းကြောင့်  ထိုင်းနိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် သစ်ပင်များ ပြိုလဲမှု နှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွား လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားသင့်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ကြိတင် သတိပေးရေး ဌာနက သတိပေးချက် ထုတ်ပြန် ထားသည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...