ကျိုင်းတုံ ၊ ၂၅-၇-၂၀၁၃
ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့
အ၀င် နောင်ဖာ စစ်ဆေးဂိတ် ၌ ယမန်နေ့ နံနက် ၂ နာရီ အချိန်က WY စာတမ်းပါ စိတ်ကြွဆေးပြား
၇ သောင်းကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင်
ကျိုင်းတုံဘက်သို့ ယမ်းလော - ကျိုင်းတုံလမ်း အတိုင်း မောင်းနှင် လာသော Hrojue အမျိုးအစား
( အနီရောင် ၊ နံပါတ်မပါ ) ဆိုင်ကယ် တစ်စီးအား ကျိုင်းတုံခရိုင် အထူးမှုခင်း နှိမ်နင်းရေး
အဖွဲ့ မှ ရပ်တန့် စစ်ဆေးရန် ပြင်ဆင်စဉ် အဆိုပါ ဆိုင်ကယ် မောင်းနှင် ထွက်ပြေးရာ နောင်ဖာ
တံတားအနီး အရောက်တွင် ဆိုင်ကယ် တိမ်းမှောက်ပြီး စီးနင်း လိုက်ပါလာသူ ၂ ဦးမှာ ထွက်ပြေး
လွတ်မြောက် သွားခဲ့သည်။
ကျန်ရစ် ဆိုင်ကယ်အား သက်သေများဖြင့်
ရှာဖွေ စစ်ဆေးရာ ခရီးဆောင် အိတ်အတွင်းမှ " ၀ " အထူးဒေသ(၂) မှတ်ပုံတင် ကတ်ပြား
(၁)ခု ၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၆၀၀၀ ပြားပါ ပလပ်စတစ်အိတ် ၁၁ ထုတ် နှင့်
စိတ်ကြွဆေးပါး ၁၆၅ ပြားပါ ပလပ်စတစ်အိတ် ၁၅ ထုတ် ၊ စုစုပေါင်း စိတ်ကြွဆေးပြား ၇၀၉၅၀
ပြား ၊ ကာလတန်ဖိုး ဆေးပြား တစ်ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း
၁၇၀၀ ကျော်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား
ကွင်းဆက် ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ကျိုင်းတုံ ရဲစခန်းမှ ဆက်လက် အရေးယူ ဆောင်ရွက်လျက်
ရှိကြောင်း သိရှိရသည်။


No comments:
Post a Comment