Social Icons

Pages

Thursday, July 25, 2013

မြောင်းမြမြို့တွင် ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး သွန်းလုပ်လှူဒါန်းမည်


ရန်ကုန် ၊ ၂၅-၇-၂၀၁၃

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ မြစိမ်းရောင်တောင် ရှေးဟောင်း သာသနာ့ နယ်မြေတွင် ကမ္ဘာ့ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်း တော်ကြီးကို သွန်းလုပ် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းတော် ကြီးကို မြောင်းမြမြို့ မြတိဂုံ စေတီတော် ရင်ပြင်တွင် ထားရှိမည် ဖြစ်ပြီး ကြေးပိဿာချိန် ၂ သိန်းကျော် ၊ တန်ချိန်အားဖြင့် ၃၃၃ တန်ဖြင့် သွန်းလုပ် သွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော် ကြီး ဖြစ်မြောက်ရေး အဖွဲ့မှ သိရသည်။

ခေါင်းလောင်းတော် ကြီးကို ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော် ကြီးဟု အမည်ပေးထားပြီး အဆိုပါ ခေါင်းလောင်းတော် ကြီး တည်ဆောက်မှု အတွက် ကုန်ကျငွေ ကျပ်သိန်းပေါင်း ၇ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ခေါင်းလောင်းတော် ကြီး သွန်းလောင်းရာ၌ လူအများ၏ ကုသိုလ်များ ပါဝင်နိုင်ရန် တစ်ဦးလျှင် အများဆုံး ငွေကျပ် ၃ သောင်းအထိသာ လှူဒါန်းခွင့် ပြုကြောင်း သိရသည်။


မြန်မာနိုင်ငံ တွင် လက်ရှိ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး မှာ မင်းကွန်း ခေါင်းလောင်းကြီး ဖြစ်ပြီး အလေးချိန် အားဖြင့် ကြေးပိဿာချိန် ၅၅၅၅၅ ပိဿာ ( ၉၀ ဒသမ ၉၂ တန် ) ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ခေါင်းလောင်းကြီး လည်း ဖြစ်သည်။ ယခု သွန်းလုပ်မည့် ဓမ္မမဏ္ဍိုင် ကြေးသွန်း ခေါင်းလောင်းတော် ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု သိရသည်။ ခေါင်းလောင်းကြီး အတွက် ထည့်ဝင် လှူဒါန်း လိုသူများ အနေဖြင့် မြန်မာ့ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ခွဲများမှ တစ်ဆင့် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...