Social Icons

Pages

Wednesday, June 5, 2013

ဆီးဂိမ်းပြိုင်ပွဲအတွက် Panasonic မှ ရုပ်သံစနစ်ပိုင်းဆိုင်ရာ ကူညီမည်


ရန်ကုန် ၊ ၅-၆-၂၀၁၃

Panasonic သည် မြန်မာနိုင်ငံ တွင် ကျင်းပမည့် 27th SEA Games အတွက် Sponsor Company တစ်ခု အနေဖြင့် ပါဝင် ကူညီမည် ဖြစ်ပြီး အထူးသဖြင့် အိမ်သုံး လျှပ်စစ် ပစ္စည်းများ အတွက် အဓိက ပံ့ပိုးကူညီ မည် ဖြစ်သည်။ ထို့အပြင် ဆီးဂိမ်းကို ပိုမို သက်ဝင် လှုပ်ရှားစေမည့် ရုပ်သံစနစ် ပိုင်းဆိုင်ရာ ဖြစ်သည့် TVs နှင့် အသံစနစ် စသည် တို့ကိုလည်း ပံ့ပိုး ကူညီမည် ဖြစ်ပြီး ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့်အတူ လက်တွဲ လုပ်ဆောင် နေသည့် ဂျပန် နာမည်ကြီး ဒီဇိုင်နာ Koshino Junko ရေးဆွဲသည့် အသင်းဝတ်စုံ အား မြန်မာနိုင်ငံ အတွက် တရားဝင် ထောက်ပံ့ ချုပ်လုပ် ပေးမည် ဖြစ်သည်။

Panasonic သည် Solar LED မီးအိမ် တစ်သိန်း ၊ Project ၏ အစိတ်အပိုင်း တစ်ခု အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာနိုင်ငံ သို့ ပထမဦးဆုံး Solar မီးအိမ် အလုံး ၃၀၀၀ ကို လှူဒါန်း ခဲ့သည်။ အဆိုပါ Panasonic Solar LED မီးအိမ် တစ်သိန်း Project ၏ အဓိက ရည်ရွယ်ချက် မှာ ကုမ္ပဏီ တည်ထောင်သော ၂၀၁၈ ခုနှစ်တွင် ကျရောက်သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အနေဖြင့် လျှပ်စစ်မီး လိုအပ်ချက် ရှိနေသည့် ဒေသရှိ လူနေမှု ဘ၀အဆင့် မြင့်မားလာ စေရန် ဖြစ်သည်။ မြန်မာနိုင်ငံ သည် အခြား အရှေ့တောင် အာရှ နိုင်ငံများနှင့် နှုန်းယှဉ်လျှင် လျှပ်စစ်မီး ရရှိမှုမှာ လိုအပ်ချက် မြင့်မားလျက် ရှိပြီး ၄င်းဒေသရှိ ဒေသခံများ အတွက် ပညာရေး ၊ ကျန်းမာရေး နှင့် အခြား လူနေမှု ဘ၀အဆင့်အတန်း မြင့်မားရန် ရည်ရွယ်ကာ လှူဒါန်းခြင်း ဖြစ်သည်။


နောင်လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံ ၏ အဓိက အခမ်းအနား များဖြစ်သည့် ၂၀၁၃ ဒီဇင်ဘာလ တွင် ကျင်းပမ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အခမ်းအနား ၊ ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် APEC အစည်းအဝေး အပြင် ၂၀၁၅ ခုနှစ်၌ ပို့ကုန် ပစ္စည်းခွန် ကင်းလွတ်သည့် Zero Tariff Rates တို့ကြောင့် မြန်မာနိုင်ငံ ၏ အံ့မခန်းဖွယ် ပြောင်းလဲ လာသော ဈေးကွက်ကို ပံ့ပိုး ပေးနိုင်မည့် အထောက်အပံ့ ကောင်းတစ်ခု ပင် ဖြစ်ကြောင်း Panasonic Asia Pacific Pte. Ltd ( Myanmar Branch ) ၏ Chief Representative Mr. Hisa Kazu Maeda က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...