Social Icons

Pages

Wednesday, June 5, 2013

ရုပ်ရှင်မင်းသားများအသင်း နှင့် ဂီတအနုပညာရှင်များအသင်း ရန်ပုံငွေ ဘောလုံးကန်မည်


ရန်ကုန် ၊ ၅-၆-၂၀၁၃

အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ နေတိုး ၊ သူထူးစံ ၊ ကျော်ကျော်ဗို ၊ မြင့်မြတ် ၊ အောင်ရဲလင်း ၊ နေမင်း စသော ရုပ်ရှင် မင်းသား အသင်းနှင့် ဆောင်းဦးလှိုင် ၊ မျိုးကြီး ၊ အာရ်ဇာနည် ၊ စိုင်းစိုင်း ခမ်းလှိုင် ၊ နန္ဒစိုင်း ၊ ဆိုတေး စသော နာမည်ကြီး ဂီတကြယ်ပါင့် များပါဝင်သည့် ဂီတ အနုပညာရှင် များအသင်း တို့၏ ဘောလုံးပွဲ ကို လာမည့် ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် အောင်ဆန်း အားကစား ကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပွဲ မှာ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် ရန်ပုံငွေ အတွက် ကျင်းပသော ရန်ပုံငွေပွဲ ဖြစ်ပြီး SKY Net , Shwe FM , BO BO Entertainment စသည်တို့မှ ပွဲစီစဉ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်ကြေး အဖြစ် ရိုးရိုးတန်း ငွေကျပ် ၁၀၀၀ နှင့် အထူးတန်း ငွေကျပ် ၂၀၀၀၀ ဖြစ်၍ လက်မှတ် များကို BO BO Music Production , City Mart , Cafe SS , Ace Digital Warehouse စသော ဆိုင်များတွင် ၀ယ်ယူနိုင်ပြီး လက်မှတ် ၀ယ်ယူရန် ခက်ခဲပါက ဖုန်း ၀၉- ၄၂၀၀၈၄ ၆၄၈ သို့ ဆက်သွယ် နိုင်သည်။


အဆိုပါ ဘောလုံးပွဲသည် ယခုနှစ် အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရုပ်ရှင် နှင့် ဂီတ အနုပညာရှင် များ အစုံလင်ဆုံး ဘောလုံးပွဲ ဖြစ်သည်။ ညနေ ၅ နာရီတွင် ဘောလုံးပွဲ စမည် ဖြစ်သော်လည်း ဖျော်ဖြေရေး အစီအစဉ် များကို ညနေ ၃ နာရီ ကတည်းက စတင်မည်ဟု ထုတ်ပြန် ကြေညာ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...