Social Icons

Pages

Wednesday, June 5, 2013

တပ်မတော် (လေ)၏ လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား ကျင်းပ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
ရဲမာန်အုပ်စု ဂျက်တိုက်လေယာဉ် ၅ စီးမှ Fan-Break ခေါ်
ယပ်တောင်ပုံစံ ခွဲထွက်၍ ပျံသန်းခြင်း သရုပ်ပြကြစဉ်



နေပြည်တော် ဇွန် ၎

တပ်မတော် (လေ)၏ လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများ၊ မိတ္ထီလာ တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများ တက်ရောက် အားပေးကြသည်။

ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ် (လေ)မှ ယနေ့သည် လေယာဉ်၊ ရဟတ်ယာဉ် (၅)စီးကို တပ်တော်ဝင် အခမ်းအနား ပြုလုပ်ပြီး တပ်မတော် (လေ)ရဲ့ ရည်မှန်းချက် တာဝန်များကို စွမ်းအားပြည့် အကောင်အထည် ဖော်နိုင်ရေးအတွက် အားသစ်လောင်း အင်အားဖြည့်တင်းသော အခမ်းအနား ဖြစ်သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော် (လေ)တို့အတွက် ဂုဏ်ယူ ဝမ်းမြောက် ဖွယ်ရာ နေ့တစ်နေ့လည်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် ရဟတ်ယာဉ်တို့အား တပ်တော်ဝင် ပြုလုပ်နိုင်သည့် အတွက် တပ်မတော်(လေ) အနေဖြင့် လေကြောင်းမှ တပ်ဖွဲ့ဝင်များ၊ ကုန်ပစ္စည်းများ သယ်ယူ ရွှေ့ပြောင်းခြင်း၊ လူနာသယ်ဆောင်ခြင်း၊ လေကြောင်းမှ အကဲကြည့်ခြင်း တာဝန်များအပြင် အဆင့်မြင့် သယ်ယူ ပို့ဆောင်ရေး လေယာဉ် မောင်းနှင်မည့် လေသူရဲများ လေ့ကျင့်မွေးထုတ် ပေးရေး ကဏ္ဍတို့တွင် စွမ်းအားပြည့် အသုံးပြု နိုင်မှာ ဖြစ်သကဲ့သို့ တပ်မတော်(လေ) ၏ရည်မှန်းချက် တာဝန်များကို တစ်ထောင့် တစ်နေရာမှ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ အဆင့်မြင့် နည်းပညာများ ရယူ ပိုင်ဆိုင်အသုံးပြု နိုင်ရေးနှင့် အရည်အသွေး ပြည့်ဝသည့် လူသား အရင်း အမြစ်များ မွေးထုတ်နိုင်ရေး တို့အတွက် တပ်မတော်(လေ) အနေဖြင့် မျက်ခြည်မပြတ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါ ကြောင်းနှင့် ခေတ်မီ တပ်မတော်(လေ) အဖြစ် အဆင့်မြှင့်တင် မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်းဖြင့် တပ်တော်ဝင် အဖြစ် သတ်မှတ်မည့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချက်အလက် များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် စစ်ဦးစီး ဗိုလ်မှူးကြီး ((စက်မှုလက်မှု)မှ လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များအား သက်ဆိုင်ရာ လေတပ် စခန်းဌာနချုပ်များသို့  ပေးအပ်ရာ တာဝန်ရှိ သူများမှ လက်ခံ ရယူကြသည်။

၎င်းနောက် စစ်ဦးစီး အရာရှိချုပ် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များသို့ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့်က တပ်တော်ဝင် အခမ်းအနား အထိမ်း အမှတ် လေယာဉ် ပုံစံငယ်များအား ဂါရဝပြု လက်ဆောင်အဖြစ် ပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် က
တပ်မတော်(လေ) ၏ လေယာဉ်/ ရဟတ်ယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ဂါရ၀ပြု လက်ဆောင် ပေးအပ်စဉ်

 ထို့နောက် လေယာဉ်/ရဟတ်ယာဉ် များမှ စတင်၍ စွမ်းရည်ပြ ပျံသန်းပြသကြရာ ပထမဦးစွာ တိုက်ခိုက်ရေး ရဟတ် ယာဉ် ၁ စီးနှင့် ဘက်စုံသုံး ဂျက်တိုက် လေယာဉ် ၁ စီးတို့မှ အမြန်နှုန်း တစ်နာရီ လျှင် ၂၇ဝ ကီလိုမီတာ/ နာရီဖြင့် Composite Formation (ခေါ်) အမျိုးအစားမတူ အုပ်ဖွဲ့ ပျံသန်း၍ သရုပ်ပြသ ကြသည်။

တိုက်ခိုက်ရေး ရဟတ်ယာဥ တစ်စီးနှင့် ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တစ်စီးတို့မှ
Composite Formation (ခေါ်) အမျိုးအစားမတူ အုပ်ဖွဲ့ ပျံသန်း၍ သရုပ်ပြစဉ်

ယင်းနောက် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးမှ Hovering ပြုလုပ်၍ ဦးစိုက် အနေအထားဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုခြင်း၊ Stall Turn (ခေါ်) ရဟတ်ယာဉ် အား ထောင်လျက် နောက်ပြန် လေးကြိမ် ကွေ့ပြခြင်း၊ 'G' Turn (ခေါ်) ရဟတ်ယာဉ်ကို ဒီဂရီ အများဆုံးဖြင့် တိမ်းစောင်းကာ  ကမ္ဘာမြေကြီး ဆွဲအားကို ဆန့်ကျင်၍ ဘယ်/ညာ နှစ်ကြိမ်ကွေ့ပြခြင်း၊ Chandelle (ခေါ်) ရဟတ်ယာဉ်ကို ထိုးစိုက်လျက် ရုတ်တရက် ထောင်တက်ပြီး နောက်ပြန် ကွေ့ပြခြင်း ၊ Quick Stop Maneuver (ခေါ်) ရဟတ်ယာဉ်ကို အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး လေထဲတွင် ရုတ်တရက် ရပ်တန့် သရုပ်ပြခြင်း၊ Spot Turning (ခေါ်) ရဟတ်ယာဉ်ကို လေထဲတွင် ရပ်လျက် ဦးစိုက်အနေအထားဖြင့် ကွေ့ပြခြင်း၊ ရဟတ်ယာဉ်ကို ဘေးတိုက်ပုခက်လွှဲ ပုံစံသရုပ်ပြခြင်း၊ Hovering ပြုလုပ်လျက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဒုတိယအကြိမ် အလေးပြုခြင်း တို့ကို ပျံသန်း သရုပ်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်
အဖွဲ့ဝင်များ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြစဉ်


၎င်းနောက် ရဲမာန်အုပ်ဖွဲ့ ဂျက်တိုက် လေယာဉ် ၅ စီးမှ Arrowhead Formation (ခေါ်) မြားခေါင်း ပုံစံ ပျံသန်းကာ နိုင်ငံတော် အလံအရောင် ကိုယ်စားပြု Smoke Trail များထုတ်လွှင့်၍ အုပ်ဖွဲ့ ပျံသန်းပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုခြင်း၊ Fan-Break  (ခေါ်) ယပ်တောင်ပုံစံ ခွဲထွက်၍ ပျံသန်းခြင်း တို့ကို သရုပ်ပြကြသည်။

ဆက်လက်ပြီး ရာဇာအုပ်ဖွဲ့ ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၄ စီးမှ Diamond Formation ပုံစံဖြင့် ပျံသန်းမှု စွမ်း ရည်ပြ သပြီး အဆိုပါ ၄ စီးအနက် ၂ စီးမှ Simultaneous Roll (ခေါ်) ၂ စီး တွဲဘေး လှိမ့် ကျွမ်းထိုးပျံသန်း သရုပ်ပြခြင်း၊ ၎င်းနောက် ကျန် ၂ စီးအနက် ၁ စီးက Inverted Flight (ခေါ်) ပက်လက်အနေအထား ပျံသန်းကာ ကျန် ၁ စီးက လိုက်ပါလျက် အုပ်ဖွဲ့ ပျံသန်းပြသကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး ကြသည်။

လေယာဉ်/ ရဟတ်ယာဉ် စွမ်းရည်ပြပျံသန်းမှု အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များက တပ်တော်ဝင် လေယာဉ်/ ရဟတ်ယာဉ်များအား အမွှေးနံ့သာများ ပက်ဖျန်းပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြုပြင်ပြီးစီးပြီး ဖြစ်သည့် အမောင်းသင် ရဟတ်ယာဉ် ၂ စီးအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိ သူများက ရှင်းလင်း တင်ပြကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ပြုပြင်ပြီးစီးပြီး ဖြစ်သည့် အမောင်းသင် ရဟတ်ယာဉ်များအား လှည့်လည် ကြည့်ရှု
စစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း တင်ပြစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စွမ်းရည်ပြ ပျံသန်းကြသည့် လေ သူရဲ များက ဂါရဝပြု နှုတ်ဆက်ကြသည်။


ယင်းနောက်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်   အဖွဲ့ဝင်များအား တပ်တော်ဝင် လေယာဉ်များဖြင့် တင်ဆောင်ကာ ရှုခင်းကြည့်ပျံသန်း ပြသခဲ့ကြပြီး တပ်တော်ဝင် အခမ်း အနားကို အောင်မြင် စွာ ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...