မြစ်ကြီးနား ၊ ၂၉-၄-၂၀၁၃
မြန်မာ့ရိုးရာ မဟာသင်္ကြန် အပြီးကာလမှ
စတင်ကာ နေအပူချိန် များ သိသိသာသာ မြင့်တက် လာပြီး မြစ်ကြီးနားမြို့ တွင် နေရောင်ခြည်
ကာ လက်အိတ်ရှည် များ အရောင်း မြင့်တက် လာခဲ့ကြောင်း သိရသည်။
အဆိုပါ လက်အိတ်ရှည် များကို မြစ်ကြီးနား
မြို့ပေါ် စက်ချုပ်ဆိုင် ထုတ် ချည်ထည် လက်အိတ်ရှည် နှင့် တရုတ် နိုင်ငံမှ ၀င်သော နိုင်လွန်
လက်အိတ်ရှည် ဟု ဈေးအတွင် ၂ မျိုး ရောင်းချလျက် ရှိသည်။ အမျိုးသမီး ငယ်အများစု မှာ
ဒေသချုပ် ချည်ထည် လက်အိတ်ရှည် များကိုသာ ၀ယ်ယူ ၀တ်ဆင်မှု များပြားပြီး အရွယ်အစား စုံလင်ခြင်း
၊ အရောင် အသွေးစုံ နှင့် ဈေးနှုန်းမှာလည်း တစ်စုံလျှင် ငွေကျပ် ၁၀၀၀ မှ ငွေကျပ် ၁၅၀၀
အတွင်း ရောင်းချခြင်း တို့ကြောင့် ၀ယ်ယူ သုံးစွဲသူ များပြား လျက် ရှိသည်။
လက်အိတ်ရှည် များမှာ လက်မောင်းရင်း
မှ လက်ချောင်း ၅ ခေါင်းအထိ ရှည်ပြီး လက်ချောင်း များ နေရာတွင် ဖွင့်ထား၍ ပူအိုက်မှု
မဖြစ်ပေါ်ဘဲ ပြင်းထန်သော နေရောင်ခြည် ဒဏ်ကို ကာကွယ်ရန် အကောင်းဆုံး ဖြစ်ခြင်းကြောင့်
လူကြိုက်များပြီး ရောင်းအား မြင့်တက် သွားကြောင်း မြို့မဈေး အတွင်း ရောင်းချသူ တစ်ဦး
ထံမှ သိရှိရသည်။


No comments:
Post a Comment