နေပြည်တော် ၊ ၂၉-၄-၂၀၁၃
မြ၀တီရုပ်မြင်သံကြား အစီအစဉ် ၏ ထုတ်လွှင့်ချိန်
များအား ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ စတင်၍ တိုးချဲ့ ထုတ်လွှင့် ပေးသွားမည် ဖြစ်သည် -
- MWD Channer ကို နေ့စဉ် နံနက်ပိုင်း ၇ နာရီမှ ၁၁ နာရီ (အစား) နံနက်ပိုင်း ၆ နာရီမှ ၁၁ နာရီ အထိ။ ညနေပိုင်း ၄ နာရီမှ ည ၁၁ နာရီ (အစား) ညနေပိုင်း ၄ နာရီမှ ည ၁၂ နာရီအထိ ထုတ်လွှင့် မည် ဖြစ်ပြီး နံနက်ပိုင်း နှင့် ညနေပိုင်းကြား ၁၁ နာရီမှ ညနေ ၄ နာရီ အထိ MWD အစီအစဉ် များ ( စနေ နှင့် တနင်္ဂနွေ နေ့များမှ အပ ) ရပ်ထား ထားချိန်တွင် MWD Variety Channel မှ အစီအစဉ် များအား နေ့လည်ပိုင်း အစီအစဉ်များ အဖြစ် အစားထိုး ထည့်သွင်း တိုးချဲ့ ထုတ်လွှင့် ပေးသွားမည် ဖြစ်သည်။
- MWD Variety , MWD Movies , MWD Series , MWD Documentary , MWD Music နှင့် MWD Shopping Channel ရုပ်သံလိုင်း များအားလုံး နေ့စဉ် နံနက်ပိုင်း ၇ နာရီမှ ၁၁ နာရီအထိ ၊ ညနေပိုင်း ၄ နာရီမှ ည ၁၂ နာရီ အထိ စုစုပေါင်း နေ့စဉ် ၁၂ နာရီကြာ ထုတ်လွှင့် နေမှုများ ( အစား ) နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ တစ်နေ့လုံး စုစုပေါင်း ၁၈ နာရီဖြင့် တိုးချဲ့ ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment