Social Icons

Pages

Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Monday, April 20, 2015

၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်၌ လူ ၁၆ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ


ရန်ကုန် ၊ ၂၀-၄-၂၀၁၅

မြန်မာ နှစ်သစ်ကူး ၂ဝ၁၅ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို နိုင်ငံ တစ်ဝန်းလုံး၌ မိမိတို့၏ ရိုးရာဓလေ့နှင့် အညီ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြရာ သင်္ကြန်ကာလ အတွင်း လူ ၁၆ ဦးသေဆုံး၍ ၃ဝဝ ကျော် ဒဏ်ရာ ရရှိကြောင်း သိရသည်။

မဟာသင်္ကြန် ရက်များအတွင်း အပျော်လွန်ကာ စည်းကမ်း လိုက်နာမှု အားနည်းသူ တချို့ကြောင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လူသတ်မှု နှစ်မှု၊ မုဒိမ်းမှု တစ်မှု၊ ယာဉ် မတော်တဆမှု ၄၃ မှု၊ ခိုက်ရန် ဖြစ်ပွားမှု ၄၆ မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု ခုနစ်မှု၊ မိန်းကလေး ကာယိနြေ္ဒ ပျက်ပြားမှု ငါးမှု၊ လက်နက် ကိုင်ဆောင်မှု ၁၁ မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှု ၄၃ မှု၊ မူးယစ် ရမ်းကားမှု ခုနစ်မှု၊ တခြားအမှု လေးမှု၊ သေမှု သေခင်း ငါးမှု စုစုပေါင်း ၁၇၄ မှုဖြစ်ပွားခဲ့ပြီး ၁၆ ဦးသေဆုံးကာ ၃ဝဝ ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

ယခင် သင်္ကြန်များ ဖြစ်သော ၂ဝ၁၁ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်တွင် ၁ဝ၅ မှု ဖြစ်ပွားပြီး ခြောက်ဦး သေဆုံးကာ ၁၄၉ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ၂ဝ၁၂ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ၁၉၂ မှုဖြစ်ပွားခဲ့ပြီး ရှစ်ဦး သေဆုံးကာ ၁၆၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၉ဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် တွင်လည်း ၁၁၆ မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၁ဝ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယခုနှစ် မဟာသင်္ကြန် သည် ငါးနှစ်တာ ကာလအတွင်း သေဆုံးမှု ဒုတိယ အများဆုံး နှင့် ဒဏ်ရာရရှိမှု အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ခိုက်ရန် ဖြစ်ပွားမှု ၄၆ ကြိမ်မှာ ရန်ကုန်တိုင်း ဒေသကြီး၌ ရှစ်ကြိမ် ဖြစ်ပွားပြီး အကြိမ် အများဆုံး ဖြစ်၍ သင်္ကြန်၌ သေဆုံးသူ ၁၆ ဦးအနက် ယာဉ် မတော်တဆမှု များကြောင့် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

Sunday, April 12, 2015

သင်္ကြန်ကာလအတွင်း အသင့်စား အစားအသောက်များ ဂရုပြုစားသောက်ရန်လို


ရန်ကုန် ၊ ၁၂-၄-၂၀၁၅

နှစ်စဉ် သင်္ကြန်ကာလ အတွင်း ရေကစားကြ သူများ ရေပက်ခံထွက် သူများဖြင့် ရန်ကုန်မြို့ပေါ် လမ်းများတွင် စည်ကား နေတတ်ပြီး ထိုသူများကို အမှီပြု လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် စားသောက်ဆိုင် လုပ်ငန်းများသည် ရပ်နားသွားခြင်း မရှိသည်ကို တွေ့ရသည်။

အထူးသဖြင့် စားသောက်ဆိုင်ကြီး အချို့မှာလည်း နေ့ပိုင်းတွင် ဖွင့်လှစ်လေ့ ရှိကြပြီး သင်္ကြန် လည်သူများ နေ့လယ်ခင်း နားခိုတတ်သည့် နေရာများ တစ်ဝိုက်တွင် အစားအသောက် ရောင်းချသည့် ဈေးသည်များကို တွေ့ရမည် ဖြစ်သည်။ ရေသန့်၊ အအေးမျိုးစုံနှင့် မုန့်ပဲသရေစာ ရောင်းချသည့် ဆိုင်ငယ်များကို နေရာ အနှံ့အပြားတွင် တွေ့ရှိ နိုင်သည်။

လူစည်ကားသည့် ကန်တော်ကြီး ၊ အင်းယားကန် နှင့် ပြည်သူ့ရင်ပြင် အစရှိသည့် နေရာများတွင် အသင့် စားသောက်နိုင်သော ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် ပါဆယ်ဘူးများ ရောင်းချသည့် လုပ်ငန်းများ တွင်ကျယ်သည်။ 

အချို့ဆိုင်ကြီး များတွင် အဆိုပါ အစားအသောက် ဘူးများ ကြိုတင် မှာထားပြီး အဆင်သင့် ယူဆောင် သွားနိုင်သည့် ဝန်ဆောင်မှု များလည်း ရှိကြောင်း သိရသည်။ ဆိုင်ကြီးများ သာမက ခါတော်မီ ဖွင့်လေ့ရှိသော သင်္ကြန်တွင်း လမ်းဘေး စားသောက်ဆိုင် ငယ်လေးများ တွင်လည်း အဆင်သင့် ဘူးများ တွင်တွင် ကျယ်ကျယ် ရောင်းချ နေရကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင်း တွင်လည်း အဆိုပါ ဆိုင်ငယ်လေး များကို တွေ့မြင် ရဦးမည် ဖြစ်သည်။ သတိပြုရန်မှာ နွေကာလတွင်း ဖြစ်၍ အပူလွန်ကဲသည့် ကာလတွင် အစားအသောက် များ လတ်ဆတ် သန့်ရှင်းမှု မရှိပါက ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလာနိုင်ခြင်းကြောင့် အထူး ဂရုပြုရန် လိုအပ်ကြောင်း၊ သင်္ကြန်တွင်း ကာလ အရက် ၊ ဘီယာ သောက်သုံးမှု များကိုလည်း ဆင်ခြင်သင့်ကြောင်း ကျန်းမာရေး ရှုထောင့်မှ သုံးသပ် သတိပေးမှု များလည်း ရှိနေကြောင်း သိရသည်။

အစားအသောက် လုပ်ငန်း လုပ်ကိုင်ကြ သူများ အနေဖြင့် မိမိတို့ ရောင်းချသော အစားအသောက် များကို သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စေရေး အလေးထား ရောင်းချရန် လိုကြောင်းလည်း သိရသည်။

သင်္ကြန်ကာလ အတွင်း အစာ အဆိပ်ဖြစ်မှု၊ အရက် အလွန်အကျွံ သောက်သုံးမှု ကြောင့် ဆေးရုံ ဆေးခန်းများသို့ ရောက်ရှိလာသူ များရှိပြီး မဆင်မခြင် စားသောက်မှုကြောင့် ပျော်ရွှင်ဖွယ် အချိန်များ ကုန်ဆုံး မသွားစေရန် ဂရုပြုရန် လိုကြောင်း သိရသည်။

ကျော်လွင်

#Themyawadydaily

တန်ဖိုးထားဆင်နွှဲ သင်္ကြန်ပွဲ


တန်ဖိုးထားဆင်နွှဲ သင်္ကြန်ပွဲ

၁၃၇၆ ခုနှစ် မဟာသင်္ကြန် ကာလ ရောက်တော့မည် ဖြစ်သည်။ ဧပြီ ၁၃ ရက်နေ့သည် သင်္ကြန် အကြိုနေ့ ဖြစ်သည်။ ဧပြီ ၁၇ ရက်နေ့သည် ၁၃၇၇ ခုနှစ်၏ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။ ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက် ကာလသည် သင်္ကြန်ပွဲတော် ကာလ ဖြစ်သည်။

သင်္ကြန်ပွဲတော် သည် မြန်မာတို့၏ နှစ်သစ်ကူး ပွဲတော်ဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူးပုံ စနစ်မှာ နက္ခတ်ဗေဒ ပညာရှင် များ၏ တွက်ချက်မှုဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နေ့ရက် အချိန်ကာလ ကို ဖော်ပြ သတ်မှတ်၍ ကျင်းပခြင်း ဖြစ်သည်။ ဘာဏုရာဇာ အမည်ရှိသော တနင်္ဂနွေဂြိုဟ် (နေမင်း) သည် တပေါင်းလ ဖြစ်သည့် မိန်ရာသီ ရေဝတီနက္ခတ် မှ တန်ခူးလ မိဿရာသီ အဿဝတီနက္ခတ်သို့ ပြောင်းရွှေ့ချိန် ကို သတ်မှတ်သည်။

တန်ခူးလ သင်္ကြန်ပုံရိပ် ပိတောက်ပန်း သည် တစ်နှစ်မှာ တစ်လတည်း၊ ထိုတစ်လ တွင်လည်း တစ်ရက်သာ ပွင့်သည့် ပန်းဖြစ်၍ မြတ်နိုး တန်ဖိုးထား ဆွတ်ယူပန်ဆင် ကြသည်။ ပိတောက်ပန်း နှင့်အတူ နှစ်သစ်တွင် တစ်ကြိမ်သာ ကျင်းပခွင့် ရသည့် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကိုလည်း မြတ်မြတ်နိုးနိုး တန်ဖိုးထား ဆင်နွှဲကြသည်။ ကျေးလက်ဒေသ များတွင် ဘုရားသွား ကျောင်းတက်၊ ရေလှူ၊ ဆွမ်းကျွေး၊ စတုဒိသာ အလှူပွဲများ၊ သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား ရေချိုး၊ နံ့သာ လိမ်းကျံပေးပြီး ပူဇော်ကန်တော့ ကြလေ့ ရှိသည်။

လူငယ်လူရွယ် များသည် အစုအဖွဲ့ များဖွဲ့ကာ ကုသိုလ်မှုကို အပြိုင်အဆိုင် အတီး၊ အမှုတ်၊ အက၊ အခုန် တို့ဖြင့် ပြုလုပ် ကြသည်။ ရေပက် ကစားရာ၌ ယဉ်ကျေး သိမ်မွေ့စွာ သပြေခက်ဖြင့် ပက်ကြသည်မှာ ချစ်စရာ ရိုးရာဓလေ့ တစ်ခုအဖြစ် ရှိနေခဲ့သည်။ ယခုအခါ လွတ်လပ် ပွင့်လင်း မြင်သာမှုနှင့် အတူ နိုင်ငံတကာမှ ဝင်ရောက် လာသည့် စည်းလွတ်ဝါးလွတ် အပြုအမူ များကို မြင်တွေ့ လာရသည်။

မြို့ပြဒေသ များတွင် သူ့ထက်ငါ ရေကစား မဏ္ဍပ်ကြီးများကို အပြိုင်အဆိုင် တည်ဆောက်၊ အနောက်တိုင်း တေးဂီတ တူရိယာများနှင့် အနောက်တိုင်း အဆို၊ အက များဖြင့် ရေပက်ကစား နေကြသည်မှာ မြန်မာ့ရိုးရာ ဘယ်ဟာ ဟု ဆိုရမည်မသိ ဖြစ်နေသည်။ လမ်းမများ ပေါ်တွင် အရက်သေစာ သောက်စား မူးယစ်ခြင်း၊ မပေါ်တပေါ်၊ မလုံတလုံ ဝတ်စုံများ ဝတ်ဆင် လမ်းသလား နေသည့် အမျိုးသမီး များကို တွေ့နေရ ခြင်းသည် မြန်မာ့ရိုးရာ သင်္ကြန်၏ ပုံရိပ်ကို အရိပ်မည်း ထိုးသကဲ့သို့ ခံစားရသည်။

ထို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကာလတွင် မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် အမှန်ကို ဖော်ဆောင်နိုင်ရန် အတွက် နိုင်ငံတော်က ကြပ်မတ် ဆောင်ရွက်ပေး နေရသည်။ အမှန်တကယ် တွင်မူ နိုင်ငံတော်က တင်းတင်း ကျပ်ကျပ် ကြပ်မတ် ကွပ်ကဲမှု ပေးနေစရာ မလိုဘဲ မြန်မာ အမျိုးသား၊ အမျိုးသမီး တိုင်းက နိုင်ငံကြီးသား ပီပီ မိမိတို့၏ ရိုးရာ အစဉ်အလာကို ထိန်းသိမ်းမည် ဟူသောအသိ ကိုယ်စီဖြင့် မြန်မာ့ရိုးရာ သင်္ကြန် ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း သွားကြရမည် သာဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာတွင် မြန်မာဟု ဆိုစမှတ်ပြု လောက်သည် အထိ မြန်မာတို့၏ ရိုးရာ သင်္ကြန်ပွဲတော် သည် ကောင်းမြတ်သော ထူးခြားသည့် အချက်များဖြင့် ပြည့်ဝလျက် ရှိသည်ကို အစဉ်အလာ မပျက် ဆက်လက် ထိန်းသိမ်းကြ ရာတွင် မြန်မာ့ ယဉ်ကျေးမှုကို တန်ဖိုးထားသည့် နိုင်ငံသား တို့၏ တာဝန်ဖြစ်၍ အသိ ကိုယ်စီဖြင့် ချစ်စဖွယ် ရနံ့များ ထုံမွမ်းသော ပျော်ရွှင် ကြည်နူးဖွယ် ကောင်းသော နှစ်သစ်ကူး သင်္ကြန်အဖြစ် တန်ဖိုးထား ပါဝင် ဆင်နွှဲ သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Saturday, April 11, 2015

သင်္ကြန်အလှမြင်ကွင်းများ


သင်္ကြန်အလှမြင်ကွင်းများ

ခင်သီတာမိုးပုလဲသွယ်

မေဘရဏီသော် ( ဓာတ်ပုံ- ဘုန်းမြတ်ထူး )
အဟောင်း ပယ်ဖျောက်၍ အသစ်အသစ်ကို ကြိုဆိုရန် အတွက် မကြာမီ သင်္ကြန်အခါ သမယသို့ ရောက်ပါ တော့မည်။ မြန်မာလူမျိုး မှန်လျှင် အမျိုးသား၊ အမျိုးသမီး မရွေး ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်၊ ကလေးသူငယ် မကျန် သင်္ကြန်ကို မျှော်ကြသည်။ ရှေးရိုးရာ အစဉ်အလာ မပျက် ယဉ်ကျေးစွာ ကျင်းပခဲ့ သဖြင့်လည်း အရှေ့တောင် အာရှတွင် သာမက ကမ္ဘာ့ပွဲတော်များ အနက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် က ကျော်ကြား ထင်ရှား လှသည်။

သင်္ကြန်ပန်း ဖြစ်သော ပိတောက်ပွင့်ဖို့ အခါမလွန်တဲ့ သင်္ကြန်မိုးကို မျှော်နေ ကြသည်မှာ မြန်မာ တစ်ပြည်လုံး ပင် ဖြစ်ပါလိမ့်မည်။ ငု များကတော့ ခပ်တည်တည်ပင် မျှော်သူရှိရှိ၊ မရှိရှိ သင်္ကြန်မိုး ရွာရွာ၊ မရွာရွာ တွဲရဝေဆာ စွာဖူးပွင့် နေကြပါပြီ။ ပိတောက်နှင့် ငု တို့၏ စိမ်းမြဖား ဝေနေသော အစိမ်းရောင် သစ်ရွက်၊ သစ်ခက်၊ အဖူး၊ အညွန့်တို့ နှင့် ပိတောက်၊ ငု ပန်းတို့၏ ဝင်းလက် တောက်ပသော ရွှေဝါရောင် တို့က လိုက်ဖက် တင့်တယ်လှသည်။ အစိမ်းနှင့်အဝါ တွဲဖက်မှုက သဟဇာတ ရှိသဖြင့် ပြင်းထန်သည့် တန်ခူးနွေ၏ အပူဒဏ် ကိုပင် လျော့ပါး သက်သာ စေသကဲ့သို့ ခံစားရသည်။ ပိတောက်စစ် လေးများကို မမြင်ရသေးတော့ အလွမ်းပြေ စက္ကူ ပိတောက်ပန်းလေး များကို သင်္ကြန်အကြို အဖြစ် တခုတ်တရ မြတ်မြတ်နိုးနိုး ချိတ်ဆွဲဆင်မြန်း နေကြသည်ကို အများအပြား တွေ့မြင် ရသဖြင့် ပိတောက်ရနံ့ လေးများ ကြိုင်လှိုင် လာသကဲ့သို့ပင်။

အခြေခံပညာ ကျောင်းများ အားလုံး စာမေးပွဲများ အပြီး သင်္ကြန်အကြို ကာလ မတိုင်မီပင် တူးပို့ တူးပို့ သံများက ဟိုနားသဲ့သဲ့၊ ဒီနားသဲ့သဲ့။ ကားတစ်စီး ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း မြနန္ဒာ မြနန္ဒာ....။ အိုး ကြည်နူးဖွယ် ကောင်းလေစွ။ သင်္ကြန်ဆိုသော အငွေ့အသက် က မြန်မာတိုင်းကို လွှမ်းမိုးမြဲ ဖြစ်သည်။

အတိတ်ကာလက ပျော်ရွှင် ဝမ်းမြောက်ဖွယ်ရာ၊ လွမ်းမော တမ်းတစရာ များကို နှိုးဆွသူမှာ သင်္ကြန်ဖြစ် သကဲ့သို့ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းရန် စေ့ဆော်သူ မှာလည်း သင်္ကြန်လှိုင်းများပင် ဖြစ်သည်။

မြန်မာ့ ယဉ်ကျေးမှုသင်္ကြန်ကာလ အတွင်း အလှူဒါန ပြုရန် ပြင်ဆင်လာကြ သူများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာပြီး အုန်းအုန်း ကျွက်ကျွက်ပင် ဖြစ်လာသေး တော့သည်။ မြန်မာ့ရိုးရာ သင်္ကြန်မုန့် စတုဒိသာ
များအဖြစ် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာဂူ အစရှိသည်တို့ အပြင် သင်္ကြန် ထမင်းဟင်းများ ပြင်ဆင် ချက်ပြုတ် လှူဒါန်းရန် လမ်းအလိုက်၊ ရပ်ကွက်အလိုက် ဟန်တပြင်ပြင် မြိုင်ဆိုင် နေကြပါပြီ။ သင်္ကြန်ရေစိုရက် ဘယ်နှစ်ရက်ဟု တွက်ချက်၍ ကြိုတင် ပျော်ရွှင်နေကြ သူများ၊ ဝန်ထမ်းများ အဖို့ကတော့ နှစ်သစ်ကူး ရုံးပိတ်ရက်တွင် သွားလာရေး၊ မိသားစုအရေး၊ လှူရေးတန်းရေး၊ စိတ်လက် အပန်းဖြေရေး စသည်ဖြင့် ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း ပြင်ဆင်လှုပ်ရှား စိုင်းပြင်း နေကြသည်။

သင်္ကြန်အကြို တရားဓမ္မ အလှူပွဲများ ကိုလည်း နေရာအနှံ့ တွေ့မြင်နေသည်။ ယနေ့ လူငယ်လူရွယ် အများစုတို့သည် ကုသိုလ်ကောင်းမှု ဒါနပြုပွဲ များတွင် အင်တိုက် အားတိုက် ပါဝင်လာကြ သည်ကို ပီတိဖြစ်ဖွယ် တွေ့မြင် ရပါသည်။ သင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက် အလိုတွင် နေ့နံခုနစ်ရက် ပါအတိုင်း ဖူးသစ်နုစ သစ်ရွက် သစ်ခက်များ၊ သန့်ရှင်း စင်ကြယ်သော ရေတို့နှင့် အတူ ပေါင်းစပ်ထားသည့် အတာကြိုအိုး များကိုလည်း ပြင်ဆင် ရပါတော့မည်။ သင်္ကြန်ကာလ ဖျော်ဖြေရေး တင်ဆက်မှု များတွင် ခေတ်အဆက်ဆက် မရိုးနိုင်သော သံချပ်များသည် လူမှု ပတ်ဝန်းကျင်တွင် တွေ့ရတတ်သည့် အမြီးအမောက် မတည့်မှု အလွဲများကို ရယ်စရာ ဟာသဖြစ်အောင် ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ရေးစပ် တင်ဆက်ကြ သည်မှာ ပရိသတ်များ အတွက် ဘဝ အမောပြေ စေသည်က အမှန်ပင်။ သံချပ်များနှင့် အတူ မန်းတောင်ရိပ် ခိုမည့် ယိမ်းအက များစွာကို မျှော်လင့် စောင့်စား နေကြပါပြီ။

သင်္ကြန်အပြီး နှစ်ဆန်း ၁ ရက်တွင် အဘိုးအဘွား များကို ရေချိုးသန့်စင် ပေးခြင်း၊ ခြေသည်း လက်သည်းများ ညှပ်ဖြတ် သန့်ရှင်းစေခြင်း ဟူသော ကုသိုလ် ကောင်းမှုများ၊ သက်ကြီး ကန်တော့ပွဲများ၊ တစ်နှစ်တာလုံး
ဘေးအန္တရာယ် ခပ်သိမ်း ကင်းငြိမ်းစေရန် ပရိတ်ရွတ်ဖတ် ပွဲများ၊ ငါးလွှတ်ပွဲများ၊ ဘေးမဲ့ ပွဲတော်များ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည့် သင်္ကြန်မြင်ကွင်း များက တွေ့မြင် ရသူများကို အပျော်ဓာတ် ကူးစက်မြဲ ဖြစ်သည်။ ထို့ကြောင့် မည်သည့် တိုင်းပြည်တွင်မှ ရှာဖွေ မတွေ့နိုင်သော ချစ်စရာ ရိုးရာပွဲတော် အဖြစ် အစဉ် ထာဝရ တည်ရှိအောင် ဆက်လက် ထိန်းသိမ်း သွားကြရမည်။

သင်္ကြန်ဖက်ရှင် ဟူ၍ ဆန်းပြား ပွေလီသော ဝတ်စား ဆင်ယင်မှုမျိုး မှသည် ကာယိနြေ္ဒ ပျက်ပြားစေမည့် ပြစ်မှုမျိုး မဖြစ်ပေါ် စေရန်အတွက် အသိ ဉာဏ်ပညာဖြင့် ချွန်းအုပ် ထိန်းသိမ်း ဝတ်ဆင်ကြဖို့ သင်္ကြန်မယ် လေးများကို တိုက်တွန်း လိုပါသည်။ သင်္ကြန်ကာလ အတွင်း အရက်၊ ဘီယာ စသည့် မူးယစ် စေတတ်သော အရာတို့ကို ပုံစံ အမျိုးမျိုးဖြင့် ပြုပြင်ရောင်းချ နေမှုများ သာမက သဘာဝ တရားထက် လွန်ကဲသော အာရုံ ခံစားမှုများ ဖြစ်လာစေသော မူးယစ်ဆေးဝါးနှင့် စိတ်ကြွ ဆေးပြားများ အန္တရာယ် ကိုလည်း မိဘပြည်သူ များမှ ဝိုင်းဝန်း သတိပေးကြရန် လိုအပ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့် ကလည်း မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ် များကို ရပ်ကွက်များ အထိ ကွင်းဆင်းစိစစ် ဆောင်ရွက်လျက် ရှိနေပါသည်။ မြန်မာ့ ရေသဘင်ပွဲ ကျင်းပမှုကို အခွင့်ကောင်း ယူလိုသော ဝိသမ လောဘရှင် စီးပွားရေး သမားများ၏ စက်ကွင်း မမိရလေအောင် သင်္ကြန်ပျော် မောင်/မယ် များက အထူးဂရုပြု ရမည်ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒုစရိုက်မှုများ ကျူးလွန်ရန် လှုံ့ဆော်တတ်သော သဘောတရား ရှိတတ်မှုကို ဆင်ခြင်ကြ ရမည်။

သပြေခက်နှင့် ရေပက်ခြင်းမှ သည် မီးသတ်ပိုက်နှင့် ရေပက်သော အဆင့်သို့ ရောက်နေပါပြီ။ ခေတ်မီစွာ ကျင်းပခြင်းသာ ဖြစ်သင့်ပြီး ခေတ်ကို ဆန်တက်သော အပြုအမူများ ဖော်ဆောင်၍ ရေသဘင်ပွဲ ဆင်နွှဲခြင်းဖြင့် ဂုဏ် ကျက်သရေကို မလျော့ပါး စေလိုပါ။ သင်္ကြန်ကို အကျည်းတန် မှုများနှင့် မလိမ်းခြယ်ဘဲ ပျော်ရွှင်မှု နံ့သာများဖြင့်သာ လိမ်းခြယ် ကျင်းပ စေလိုသည်။

ထို့ကြောင့် အတိတ်၏ ခါးသီးမှုများကို ခဝါချ၍ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ်ကို ကြည်သာ ရွှင်လန်းစွာ ကြိုဆိုကြဖို့နှင့် မြန်မာပြည်သူ ပြည်သားအပေါင်း နှစ်သစ်တွင် ငြိမ်းချမ်း အေးမြစွာ ရှိကြပါစေကြောင်း 
ဆုမွန်ကောင်းနှင့် အတူ ရေးသား တင်ပြလိုက်ရ ပေသည်။

#Themyawadydaily

Friday, April 10, 2015

အပူချိန်မြင့်တက်လာသဖြင့် သင်္ကြန်တွင်း ရေပက်ခံထွက်မည့်သူများ ခရမ်းလွန်ရောင်ခြည်ဒဏ် မခံရစေရန် သတိပြုဆင်ခြင်သင့်


ရန်ကုန် ၊ ၁၀-၄-၂၀၁၅

ယခုနှစ်တွင် အပူချိန် မြင့်တက်လာသည့် အပြင် ခရမ်းလွန် ရောင်ခြည် လွန်ကဲနေသည့် အတွက် သင်္ကြန်တွင်း ရေပက်ခံ ထွက်မည့်သူများ သတိပြု ဆင်ခြင် သင့်ကြောင်း မရမ်းကုန်း မြို့နယ်မှ အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောသည်။

သင်္ကြန် ကာလတွင် လေထုထဲရှိ ရေငွေ့ အပူချိန်သည် ပိုမို တိုးလာသည့် အတွက်  လေအပူချိန်နှင့် ရေငွေ့အပူချိန် ကိုပါ ခံစား ရနိုင်ကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် မြင့်တက် လာခြင်းကြောင့် ကြုံတွေ့နိုင်သည့် ရောဂါလေးမျိုး ရှိသည့်အတွက် သင်္ကြန်တွင်း လည်ပတ်သူများ နှင့် နေပူထဲတွင် သွားလာလှုပ်ရှား ရသူများ သတိထား ဆင်ခြင်သင့်သည်။ အပူချိန် မြင့်မားသော နေရောင်ခြည် အောက်တွင် အကာအကွယ်မဲ့ ကြာရှည်စွာ နေပါက အရေပြား နေလောင်တတ်ပြီး ထိုမှတစ်ဆင့် အခြေအနေ ဆိုးရွားပါက အရေပြား ကင်ဆာအထိ ဖြစ်တတ်သည်။ နေရောင်ခြည်၌ ပါသော ပြင်းအားများသည့် ရောင်ခြည်သည် လူ၏ မျက်စိကို ကျရောက်ပါက မျက်စိပျက်စီး နိုင်သည်။

ထို့အပြင် ခရမ်းလွန် ရောင်ခြည် ခန္ဓာကိုယ်ပေါ် ကျရောက်ပါက အရေပြားကို မလောင်ကျွမ်းဘဲ ခန္ဓာကိုယ်ထဲ ဖောက်ဝင် သွားနိုင်သည့် အတွက် ခန္ဓာကိုယ်ရှိ DNA ကို ပျက်စီးစေပြီး သားသမီး မရနိုင်သည့် အဆင့်သို့ရောက်သွား နိုင်ကြောင်း သိရသည်။

ခရမ်းလွန် ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် အပူအများဆုံး အချိန်ဖြစ်သော နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း အပြင် ထွက်ခြင်းကို ရှောင်ကြဉ် သင့်ကြောင်း သိရသည်။ မဖြစ်မနေ သွားမည်ဆိုပါက ကျယ်ပြန့်သော ဦးထုပ်၊ ထီး၊ ခမောက်၊ အင်္ကျီလက်ရှည်၊ ထမီနှင့်ပုဆိုး တို့ကို ဝတ်ဆင်၍ ကာကွယ်သင့်ပြီး မျက်စိ မထိခိုက စေရန် နေကာမျက်မှန် ကိုပါ တပ်ဆင်သင့်သည်။ အထူးသဖြင့် သင်္ကြန်ကာလတွင် ဆေးပညာအရ နေရောင်ခြည်ဒဏ် ကာကွယ်ပေးသော Sun Cream များ လိမ်းသင့်ကြောင်း သိရသည်။

''အပူနဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ ရောဂါကလည်း များပါတယ်။ နေရောင်ခြည် ပြင်းလို့ အပြင် အပူချိန် ပိုများတာကို ခန္ဓာကိုယ်က တတ်နိုင်သမျှ လိုက်ထိန်းညှိ ပေမယ့် အမြဲတမ်း လိုက်မညှိ ပေးနိုင်ဘူး။ သူ့မှာလည်း ညှိပေးတဲ့ Limit ရှိတယ်။ အခုလို နွေရာသီမှာဆို ခန္ဓာကိုယ်က ခံနိုင်တဲ့ အပူချိန်ကျော် သွားတယ်။ အဲဒီအခါမှာ လိုက်မညှိ နိုင်တော့ဘဲ ကျန်းမာရေး ဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ထိန်းထိန်း သိမ်းသိမ်း နေထိုင်သင့်တယ် ''ဟု အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက အကြံပြု ပြောသည်။

#Themyawadydaily

Wednesday, April 8, 2015

People shouldn’t stay too long under sun during Thingyan



Yangon April 8

The index of ultraviolet rays may be high during Thingyan Festival and people should avoid staying under the sun for a long time, said Dr. Tun Lwin, a veteran meteorologist.

“People visiting around the town will have to face traffi c congestion, they may be exposed under the sunshine for long and, sometimes, it may be very diffi cult to fi nd a shade. Wearing black clothes may also worsen the impact of the ultraviolet rays,” he added.

People should aware of the health problems resulting from the effect of the ultraviolet rays. People should be mindful of the diseases such as sunburn, skin cancer and eye pain, which the rays may bring, he added.

The level of ultraviolet rays has exceeded the safe point all across Myanmar since April 5, said Doctor Tun Lwin.

Thingyan or Water Festival is the New Year’s celebrations that take place in Southeast Asian countries such as Myanmar, Cambodia, Laos, and Thailand as well as Yunnan, China.

It is called the ‘Water Festival’ by Westerners because people pour water on one another as part of the cleansing ritual to welcome the new year.

Traditionally people gently sprinkled water on one another as a sign of respect, but as the new year falls during the hottest month in South East Asia, many people end up dousing strangers and passers by in vehicles in boisterous celebration.

The act of pouring water is also a show of blessings and good wishes. It is believed that on this Water Festival, everything old must be left behind.

Aung 

#Themyawadydaily

Tuesday, April 7, 2015

" Myanmar traditional water festival "



= Dr. Aung Than Win (Oriental Studies) =

eople in every country around the world celebrate their new year in accordance with their own style and traditions and customs. Myanmar people also have their own traditional New Year apart from observing another New Year according to Gregorian calendar. 

Myanmar New Year is also called Thingyan during which we pour water on each other with the pious deed of cooling and purifying both the body and soul. The Myanmar term “Thingyan” originates from Sanskrit word “Sankranta”: which means “move, shift and change”. Myanmar New Year is also the period of change between Pisces and Aries. Seasonal symbol is two yellow fishes and asterism is Rewati similar to a fish-trap. 

Constellation is Cassiopeia and the seasonal fl owers are Kant Kaw, Tharaphi, Yinkhet and Patauk. We the Myanmar people value Patauk as Thingyan flower and it is also the lord of the fl owers of the Myanmar month Tankhu (April).

The earliest known stone inscription that mentioned the word “Thingyan” can be found at Saw Hla Wun Pagoda dated ME 653 or AD 1291. So it can be said that Myanmar traditional Thingyan festival began during Bagan period.

In the olden days, Myanmar people mixed cool and clean water with some fragrance in a large silver bowl and sprinkled one another with sprigs of Eugenia in a polite and modest manner.

But nowadays, some people, both the youths and adults, are using water cannons in pouring water especially on young ladies which in fact is against the Myanmar culture. So everyone should avoid doing such horrible things that may harm others.

On the other hand, some people both young and old of both genders go to monasteries and keep Sabbath, to pagodas and do meritorious deeds, or to mediation centres and practice vipassana. Some men and boys ordain into temporary monkhood while girls and women into temporary nun-hood during Thingyan.

Thingyan actually is the time we purify our mind and body and do pious deeds for a better tomorrow. So let’s welcome the New Year 1377 with heart and soul.

#Themyawadydaily

(၁၂) ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မဏ္ဍပ် ၂၄ ခုဖြင့် သုဝဏ္ဏဘောလုံးကွင်း ပတ်လည်၌ ကျင်းပမည်


ရန်ကုန် ၊ ၇-၄-၂ဝ၁၅

(၁၂)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မဏ္ဍပ် ၂၄ ခုဖြင့် သုဝဏ္ဏ ဘောလုံးကွင်း ပတ်လည်၌ ကျင်းပမည်ဖြစ်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ နှင့် သာကေတ မြို့နယ်တို့ရှိ ရခိုင် တိုင်းရင်းသား များက မိသားစုမဏ္ဍပ် များဖြင့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် တွင် ပါဝင်ကျင်းပ သွားမည် ဖြစ်ကြောင်း လေးဝတီရခိုင် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဌာနမှ ကြီးမှူး ကျင်းပသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်စာပေ ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေး အသင်း အဖွဲ့များ၊ မြို့နယ်အသင်း များနှင့် ရန်ကုန်ရောက် ရခိုင် တိုင်းရင်းသား များက စုပေါင်း ကျင်းပခြင်း ဖြစ်ပြီး မြို့နယ် ၁၇ မြို့နယ်ကို ကိုယ်စားပြုသည့် မဏ္ဍပ် ၁၇ ခုနှင့် ရခိုင်အဖွဲ့ အစည်းမှ ကျင်းပသော မဏ္ဍပ်ခုနစ်ခု စုစုပေါင်း မဏ္ဍပ် ၂၄ ခုဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကို ဧပြီ ၁၂ ရက်တွင် ရခိုင်ပြည်နယ် ဓမ္မာရုံ၌ နံ့သာသွေး ပြိုင်ပွဲ ကျင်းပမည် ဖြစ်ပြီး ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နံနက်တွင် ဘုရား ရေသပ္ပာယ်ပွဲ နှင့် နေ့လယ်တွင် သုဝဏ္ဏ ဘောလုံးကွင်း၌ သင်္ကြန်ရေလောင်း မဏ္ဍပ်ဖွင့်ပွဲ၊ ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် သင်္ကြန် ရေလောင်းပွဲကို ကျင်းပမည် ဖြစ်ပြီး ဧပြီ ၁၆ ရက်တွင် သင်္ကြန်ရေလောင်း ပွဲနှင့် သင်္ကြန်ပိတ်ပွဲ တို့ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် ရခိုင်ရိုးရာ ယိမ်းအကများဖြင့် ကပြဖျော်ဖြေမည် ဖြစ်ရာ ရခိုင်ရိုးရာ ဆီမီးခွက်အက၊ ဗုဒ္ဓပူဇနိယယိမ်း၊ သင်္ကြန် သရုပ်ဖော်ယိမ်း၊ ပျော်စရာစုံညီ ရခိုင်မြေအက၊ သုံးရာသီယိမ်း၊ ကျွန်ုပ်တို့ရဲ့ မဏ္ဍပ်ယိမ်း အက၊ လေးရုပ် လေးဝတီယိမ်း၊ မဏ္ဍပ်ဝင်တဲ့ ရခိုင်သူလေး၊ ဗျာလယိမ်းနှင့် စိမ်းလန်းပါစေ ရခိုင်ယိမ်း တို့ဖြင့် ရခိုင်ရိုးရာ ယိမ်းအကများကို ဖော်ထုတ် ကပြမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် သည် ရိုးရာ ယဉ်ကျေးမှု ပွဲတော်ဖြစ်သည့် အတွက် ရိုးရာမပျက် ထိန်းသိမ်းရမည် ဖြစ်သောကြောင့် အဝတ်အစား ဝတ်ဆင်ရာတွင် ယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသော အဝတ်အစား ဝတ်ဆင်မှု များကို တင်းကျပ်စွာ စည်းကမ်း ထုတ်ထားကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

Saturday, April 4, 2015

သင်္ကြန်ပုံရိပ်ကောင်း


သင်္ကြန်ပုံရိပ်ကောင်း

ယခုရက်ပိုင်း များသည် သင်္ကြန်အကြို ကာလ ဖြစ်သည်။ မကြာမီ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကို တစ်နိုင်ငံလုံး ဆင်နွှဲ ကြတော့မည် ဖြစ်သည်။ သင်္ကြန်ပွဲတော် အတွက် ကြိုတင် ပြင်ဆင်မှု များကို တွေ့မြင်ကြားသိ နေရသည်မှာ စိတ်တက်ကြွဖွယ် ကောင်းလှသည်။

သင်္ကြန်ဟူသော စကားမှာ ပါဠိဘာသာ သင်္ကန္တ ဟူသော စကားမှ ပြောင်းလဲ ဖြစ်ပေါ် လာသည်။ အဓိပ္ပာယ်မှာ ကူးပြောင်းခြင်း ဟူ၍ ဖြစ်သည်။ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အဓိပ္ပာယ် ဖြစ်သည်။ မြန်မာ နိုင်ငံသား တို့သည် နှစ်ဟောင်းမှ အညစ်အကြေး တို့ကို သန့်စင်စေပြီး နှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ ခွန်အားသစ် ဖြင့် ကြိုးပမ်းပြီး အောင်မြင်မှုကို ရယူမည် ဟူ၍ ရည်ရွယ်ကာ သင်္ကြန်ပွဲတော်ကို အဓိပ္ပာယ် ရှိရှိ ကျင်းပခဲ့ ကြသည်။

သို့သော် ပွင့်လင်းမြင်သာ လာသော ယနေ့ကာလ၌ ရိုးရာသင်္ကြန်၏ ပုံသဏ္ဌာန် တို့မှာ ပြောင်းလဲမှန်း မသိ ပြောင်းလဲ၍ လာနေသည်ကို တွေ့နေရသည်။ ယခင်က ရေလောင်း ရေပက်ရာတွင် ယဉ်ယဉ် ကျေးကျေး သိမ်သိမ် မွေ့မွေ့ လောင်းကြသည်။ ပျော်ရွှင်ဖွယ် စနောက်ကြ ရာတွင်လည်း ယဉ်ယဉ် ကျေးကျေး၊ ဝတ်စား ဆင်ယင်ပုံ မှာလည်း ရိုးသား ယဉ်ကျေးသည်။ ယခုအခါ ရေပက်ရာတွင် အားပါးတရ မီးသတ်ပိုက် နှင့် ပက်နေကြ သကဲ့သို့ စနောက် ရာတွင်လည်း မကြားဝံ့ မနာသာ၊ ဝတ်စား ရာတွင်လည်း မလုံမလဲ ဖရိုဖရဲ ဆံပင် နီကြောင်ကျား တို့ကို မြင်တွေ့ နေရသည်။

သင်္ကြန်ကာလတွင် မူးယစ် သောက်စားမှု များကြောင့် လည်းကောင်း၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု များကြောင့် လည်းကောင်း နှစ်စဉ် ယာဉ် မတော်တဆမှု များနှင့် ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု များရှိနေပြီး ပျော်ရွှင်ဖွယ်ရာ သင်္ကြန် ပွဲတော်သည် အဆိုပါ ကိစ္စများကြောင့် သင်္ကြန်ပုံရိပ် ညစ်နွမ်းလျက် ရှိသည်။ သင်္ကြန်တွင်းကာလ အသုံးပြုရန် လောင်စာဆီ သိုလှောင်ခြင်း၊ အရက် စုဆောင်းခြင်း တို့ကြောင့် မီးလောင်မှု များနှင့် ရန်ပွဲများ ဖြစ်လာနိုင်၍ သက်ဆိုင်ရာက ကြပ်မတ် ထိန်းသိမ်းရန်လိုသည်။ ထိခိုက်ဒဏ်ရာ ရချိန်တွင် အရေးပေါ် ကုသမှုများ ပြုလုပ်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ထားရန် လိုသကဲ့သို့ ပွဲတော် အေးချမ်းစွာ ကျင်းပနိုင်ရန် လုံခြုံရေး ကိစ္စများ အပြည့်အဝ ဆောင်ရွက် ရန်လိုသည်။ မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်သည် ကမ္ဘာကျော်သည့် မြန်မာ့ပုံရိပ် ပွဲတော်ဖြစ်၍ ကမ္ဘာက စိတ်ဝင်တစား လာရောက် လေ့လာကြ သကဲ့သို့ အင်တာနက် မှလည်း စောင့်၍ ကြည့်ကြ သည်။ ထိုအခါ မြန်မာ့ရိုးရာ သင်္ကြန်ပွဲမှ လူငယ်များ၏ ရိုးရာနှင့် မလျော်သည့် ဝတ်စား၊ ပြောဆို၊ နေထိုင် ကျင့်သုံးမှု များကို မြင်တွေ့လျှင် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်မှာ ကမ္ဘာ့အလည် ၌ ရှက်ဖွယ်ပုံရိပ်အဖြစ် မှတ်တမ်းတင် ခံရမည် ဖြစ်သည်။

သို့ဖြစ်ရာ မကြာမီ ရက်ပိုင်း အတွင်းတွင် မြန်မာနိုင်ငံသား အားလုံး ပါဝင်ဆင်နွှဲ ကြသည့် မဟာသင်္ကြန် ပွဲတော် ရောက်ရှိတော့မည် ဖြစ်ရာ နိုင်ငံသား အားလုံး၏ အမျိုးသားရေး လက္ခဏာ တစ်ခု ဖြစ်သည့် သင်္ကြန် ပွဲတော်ကို အကျည်းတန် သင်္ကြန် မဖြစ်စေဘဲ နိုင်ငံသား အားလုံး ချစ်ကြည် ရင်းနှီးစေသော၊ နိုင်ငံတကာမှ လာရောက် လည်ပတ်ကြ သူများ အမြင်၌ တင့်တယ်သော သင်္ကြန်အဖြစ် ပျော်ရွှင်မှုနှင့် စည်းကမ်း ရှိသည့် မြန်မာ့ ပုံရိပ်ကောင်းကို ပြသနိုင်ရန် နိုင်ငံသား အားလုံးက စည်းကမ်းတကျ မျိုးချစ်စိတ် အပြည့်ဖြင့် ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...