Social Icons

Pages

Tuesday, January 22, 2019

လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်း အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈၆ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်း အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈၆ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်းအတွင်းရှိ လားရှိုး-ရန်ကုန်သွား ယာဉ်လိုင်းများ အနီး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းစဉ် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်မင်းထွန်း(ဘ) ဦးတိုးလွင်သည် ခရီးဆောင် အိတ်လေးလုံးဖြင့် ရောက်ရှိလာသဖြင့် ခေါ်ယူ စစ်ဆေးရာ ခရီးဆောင်အိတ်များအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၃ဝဝဝဝ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၈၆ဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိသူအား လားရှိုးမြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...