Social Icons

Pages

Tuesday, January 22, 2019

ကျောက်ဖြူမြို့နယ်၊ အဆင်ကြီးကျွန်း အနီး၌ တရားမဝင်သစ်များ တင်ဆောင်လာသော စက်လှေနှစ်စင်း ဖမ်းဆီးရမိ

ကျောက်ဖြူမြို့နယ်၊ အဆင်ကြီးကျွန်း အနီး၌ တရားမဝင်သစ်များ တင်ဆောင်လာသော စက်လှေနှစ်စင်း ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၁ 
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ နောင်တော် ကြီးကျွန်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂ဝ ရက် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် အဆင်ကြီးကျွန်း၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ မသင်္ကာ ဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် စစ်ဆေးရာ အလျား ပေ ၅ဝ၊ အနံ ၁၁ ပေ၊ ရေစူး ၅ ပေ ခန့်ရှိ လှေတစ်စင်းပေါ်မှ မအီမြို့နေ ဦးထွန်း ဝင်း(ဘ)ဦးရွှေဘဇံ အပါအဝင် အမျိုးသား သုံးဦးကို တရားမဝင် အခြားသားဘေတုံး ၁၂ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အလားတူ ည ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် အဆင်ကြီးကျွန်း၏ အရှေ့ဘက် ရေမိုင် ၃ ဒသမ ၅ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ တစ်စင်းတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ပေ ၅ဝ၊ အနံ ၁ဝ ပေ၊ ရေစူး ၅ ပေရှိလှေတစ်စင်းပေါ်မှ ပေါက်တောမြို့နေ ဦးအေး ကျော်မောင်(ဘ)ဦးစိန်မောင်ဘ အပါအဝင် အမျိုးသားနှစ်ဦးကို တရားမဝင် အခြားသား ဘေတုံး ၁၁ တန်ခန့်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။ 
-
အဆိုပါတရားမဝင်သစ်များ၊ စက်လှေ နှစ်စင်းနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်ဖြူမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...