Social Icons

Pages

Tuesday, January 22, 2019

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆) မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆) မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား တွေ့ဆုံ
-
နေပြည်တော် ဇန်နဝါရီ ၂၁
-
ဧရာဝတီတိုင်း ဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)က ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးရုံး၌ သွားရောက် တွေ့ဆုံသည်။
-
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ရည်ရွယ်ချက် (၄)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၇)ရပ်၊ လုပ်ငန်းကဏ္ဍကြီး(၅) ရပ်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ (၂၀၁၈)တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားသည်။
-
ထို့နောက် တိုင်းစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...