Social Icons

Pages

Friday, November 30, 2018

ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   နိုဝင်ဘာ  ၂၉ 
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအိမ်ရာနေ စစ်သည်များနှင့် မိသားစု င်များအား နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်း တွင်  ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက  အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ်   ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အိမ်ရာအတွင်း လှည့်လည်ကြည့်ရှုကြပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန်အတွက် ဝက်သားပေါက်များ ပေးအပ်သည်။
-
ထို့ပြင်  တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင် စုစုပေါင်း ၄၅ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသ ရန် လိုအပ်သူများအား ထားဝယ်မြို့ရှိ တပ်မ တော်ဆေးရုံသို့    တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက  လိုက်လံကြည့်ရှုအားပေး စကားပြောကြားပြီး  လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...