Social Icons

Pages

Showing posts with label တပ်မတော်နယ်လှည့်ဆေးကုသရေး. Show all posts
Showing posts with label တပ်မတော်နယ်လှည့်ဆေးကုသရေး. Show all posts

Thursday, April 11, 2019

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ကျောင်းတိုက်များမှသံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ဧပြီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်၂၇ ပါး၊ သာသနာ့အနွယ်ဝင်သီလရှင် ၃၉ ပါးနှင့် ဒေသခံပြည်သူ ၆၂ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှု များဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက် ပေးမှုများကိုတိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအား ပေးပြီး  စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။             
-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော  အရာရှိ၊ စစ်သည်၊ မိသားစုများအား ဧပြီ ၈ ရက်နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေ အနေများကိုရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 9, 2019

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၈ 
-
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ဧပြီ၇ ရက်နှင့် ယနေ့တို့တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၂၄ ပါး၊ သာသနာ့ အနွယ်ဝင် သီလရှင် ၁ဝ ပါးနှင့် ဒေသခံပြည်သူ ၆၂၁ ဦးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECGစက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်း၊ သွေးချို၊ ဆီးချို၊အသည်းရောင်အသားဝါပိုးများ စစ်ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ဆောင်ရွက် ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။                         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

အမ်းမြို့နယ်၊ ရပ်သာ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက

အမ်းမြို့နယ်၊ ရပ်သာ ကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ   ၃ 
-
ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်၊  ရပ်သာ ကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအားယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၂၃ဦးတို့ကို  ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊  ကလေးရောဂါ၊အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူငါးဦးကို အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, April 3, 2019

တောင်ကြီး မြို့နယ်၊ ဖက်ကွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး မြို့နယ်၊ ဖက်ကွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၂
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ဖက်ကွန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအားယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဗုဒ္ဓသာသနာ့ ဟိတကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့ကဒေသခံတိုင်းရင်းသားပြည်သူ ၂၁၉  ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျား ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၃ဦးကို တောင်ကြီး မြို့ရှိတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းဒေသရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းဒေသရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၂ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းဒေသရှိ ဟုတ်ပုံကျေးရွာ၊ မိုက်ကန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား မတ် ၃၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က မိုက်ကန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၆ ဦးတို့ကို သွေးတိုးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

ကလောမြို့နယ်၊ မြင်းကကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကလောမြို့နယ်၊ မြင်းကကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဧပြီ   ၁ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ မြင်းကကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအားယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁ဝပါးနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ ၈၅ ဦးတို့ကိုသွားနှင့် ခံတွင်းရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူရှစ်ဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, April 1, 2019

မိုင်းခုတ်မြို့နယ်၊ မုံးကျက် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မိုင်းခုတ်မြို့နယ်၊ မုံးကျက် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် မတ် ၃၁ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့နယ်၊ တောင်ပေါ်ဒေသရှိ ဖန်ဖုကျေးရွာအုပ်စု၊ မုံးကျက်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား မတ် ၃ဝ ရက် နံနက်ပိုင်းတွင်တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရှမ်းစာသင်ကျောင်း၌ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၂၆၃ ဦးကို သွားရောဂါ၊ မျက်စိ ရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက် ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက် ဖွယ် ရာများ ပေးအပ်သည်။ ထို့နောက် မုံးကျက်ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်စက္က အားဖူးမြော်၍ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

ကလောမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကလောမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   မတ်   ၄ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကုန်းသာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ခန်းမ၌ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၆ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊အရိုး/အကြောရောဂါ၊ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ခုနစ်ဦးကိုအောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

ပေါက်ခေါင်းမြို့နယ် အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်းမြို့နယ် အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၂၂၄ ဦးအား ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ ခွဲစိတ်ရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ခြောက်ဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ထို့ပြင်ဆေးကုသရေးအဖွဲ့ကသွေးတိုးရောဂါ အကြောင်းကျန်းမာရေးအသိပညာ ပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနသော တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ရက်နှင့်ယနေ့တို့တွင်ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်းရှိ ဒေသခံပြည်သူ ၇၇၈ ဦးကို အဆိုပါ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၈၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၉ ဦး၊ ကလေး ရောဂါ ၁၁၇ ဦး၊ အရိုးရောဂါ ၈၈ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၅၂ ဦး၊ မျက်စိ ရောဂါ ၁ဝ၁ ဦးနှင့် သွားရောဂါ ၁၂၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးသည်။ 
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦး၊ ကွန်ပျူတာ  ဓာတ်မှန်ရိုက် လူနာသုံးဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၅ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 22, 2019

ကန်ကြီးထောင့်မြို့နယ်၊ ငါးခုံးမချောင်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကန်ကြီးထောင့်မြို့နယ်၊ ငါးခုံးမချောင်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၁ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ငါးခုံးမချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၄၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ နှလုံးခုန်နှုန်း စမ်းသပ်စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချိုရောဂါ အကြောင်းသိကောင်းစရာအား ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများအားယနေ့နေ့လယ်ပိုင်းတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့ကသံဃာတော်နှစ်ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁ဝ၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ နှစ်ဦးအားအမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေပြည်သာမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ မဟာဝိစိတ္တာရုံ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရွှေပြည်သာမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ မဟာဝိစိတ္တာရုံ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်ရှိ မဟာဝိစိတ္တာရုံ ကျောင်းတိုက်မှသံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်၂၈ ပါး၊ သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါးနှင့် ဒေသခံပြည်သူ ၂၆၈ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချို၊သွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မင်းတုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မင်းတုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ ၂၁ 
-
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဖေဖော်ဝါရီ ၂ဝ ရက်တွင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင်ဆေးကုသရေးအဖွဲ့ကဒေသခံပြည်သူ၁၇၉ ဦးတို့ကိုအရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကော့သောင်းမြို့နယ်၊ အောင်ဘာ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်၊ အောင်ဘာ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၁ 
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနရုံး၌ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့ကသံဃာတော် ၁၅  ပါးနှင့်ဒေသခံပြည်သူ ၁၅ဝ ဦးတို့ကို သွေးတိုး ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 21, 2019

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း တွင်ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကအဆိုပါ ကျေးရွာရှိ စမ်းလှမ်းသီရိအဏ္ဏဝါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၁၂ ပါးနှင့် ဒေသခံ ပြည်သူ ၁၁၈ ဦးတို့အား အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စမ်းသပ်ကုသပေးခြင်း၊ နှလုံးခုန်နှုန်း စမ်းသပ်ခြင်းနှင့် ဆီးချို၊သွေးချို စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါကျောင်းတိုက်မှကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုမန အား ဖူးမြော်ကြည်ညိုကာ သင်္ကန်း၊ ဆွမ်း ဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကန်ကြီးထောင့်မြို့နယ်၊ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကန်ကြီးထောင့်မြို့နယ်၊ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအားယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၁၁ဦးအားခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ နှလုံးခုန်နှုန်း စမ်းသပ်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများနှင့် ကျီးပေါင်းရောဂါအကြောင်းသိကောင်းစရာ တို့ကို ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်၊ ကျောက်ဆုံကျေးရွာ၊ ကလောမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၉ ရက်နှင့် ယနေ့တို့တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာများရှိ ဘုန်းတော် ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ၂၁၁ ဦးအား သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊သွေးတိုးရောဂါ၊ အရိုး/အကြော ရောဂါ၊  ကလေးရောဂါ၊  ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပြဒါးချောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပြဒါးချောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား အရှေ့ခြမ်း တောင်ပေါ်ဒေသ ပြဒါးချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၉ ရက် နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၄၄၈ ဦးအား ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
-
ယင်းသို့ ဆောင်ရွက်နေမှုများကို  တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး ပြဒါးချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဉာဏာဝရအားဖူးမြော်၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...