Social Icons

Pages

Wednesday, February 15, 2017

ရေထဲတွင် လျင်မြန်စွာ လှုပ်ရှားနိုင်၊ငါးဖမ်းနိုင်သော စက်ရုပ်ကို MIT တက္ကသိုလ်မှ သုတေသီများက ဖန်တီးနိုင်ခဲ့



လန်ဒန် ၊ ၁၅-၂-၂၀၁၇

ရေထဲတွင်လျင်မြန်စွာ လှုပ်ရှားနိုင်၊ ငါးဖမ်းနိုင်သောစက်ရုပ်များကို MIT တက္ကသိုလ်မှ သုတေသီများကဖန်တီးနိုင်ခဲ့ရာ နောင်တစ်ချိန်တွင် ရေအောက်လုပ်ငန်းအမျိုးမျိုး၌စက်ရုပ်နည်းပညာ၏ အကူအညီကိုအသုံးပြုသွားနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

အဆိုပါစက်ရုပ်များ၏ ကိုယ်ထည်သည် ရေပါဝင်သောဟိုက်ဒရိုဂျယ်တစ်မျိုးဖြင့် ပြုလုပ်ထားပြီး လျင်မြန်စွာ လှုပ်ရှားနိုင်သဖြင့်ရေထဲတွင် မမြင်နိုင်သည့်ကြောက် မက်ဖွယ်ကောင်းသော ငါးဖမ်းစက်တစ်ခုဖြစ်သည်။ သို့သော်လည်း MIT စက်ရုပ်များသည် ငါးများကို အန္တရာယ်မပြုနိုင်ဘဲ ဖမ်းမိသောငါးများကို ဆုပ်ကိုင်ထားနိုင်သည်။ ထို့ကြောင့် စက်ရုပ်၏ လက်အပိုင်းများသို့ ဆုပ်ကိုင်နိုင်ရန်၊ လွှတ်နိုင်ရန်အတွက် ရေလွှတ်သည့်ပြွန်များဖြင့် ဆက်သွယ်ထားကြောင်းသိရသည်။

ထိုစက်ရုပ်များတွင် ပါဝင်သော ဟိုက်ဒရိုဂျယ်သည်ရေဖြည့် လိုက်သည့်အခါဟိုက်ဒရိုဂျယ်အစိတ် အပိုင်းများအတွင်း ရေကနေရာယူသွားပြီး  စက်ရုပ်၏အစိတ်အပိုင်းများကို ကွေးစေ၊ဆန့်စေနိုင်ကြောင်းသိရသည်။

ငါးများကိုဖမ်းကိုင်သည့်အခါတွင်လည်း ထိခိုက်ဒဏ်ရာမဖြစ်စေရန်အတွက် စက်ရုပ်ကို ဟိုက်ဒရိုဂျယ်ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ငါးကိုဖမ်းဆုပ်လိုက်သည့်အခါ စက်ရုပ်၏ ပျော့ပျောင်းသောလက်က ငါး၏ ခန္ဓာကိုယ်ကို ပွန်းပဲ့စေခြင်း မရှိဘဲလွှတ်လိုက် သည့် အခါတွင်လည်းငါးကသာမန်အတိုင်း သွားလာလှုပ်ရှားနိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...