Social Icons

Pages

Wednesday, August 8, 2018

ပုဂံဒသ ရေရှည်အကျိုးစီးပွားလွှမ်းခြုံမှု သက်ရောက်မှုရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး ညှိနှိုင်းစည်းဝေး



နေပြည်တော် ၈-၈-၂ဝ၁၈

ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှု မရှိစေရေးနှင့် ဟိုတယ် လုပ်ငန်းရှင်များ နစ်နာမှုမရှိ စေရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၆ရက်သတင်းများအရ သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုး စီးပွားလွှမ်းခြုံ သက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်း အမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရေးတို့အတွက် အကျေအလည်ဝိုင်းဝန်း ဆွေးနွေးပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုအခါ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက် ရေးအတွက် UNESCO သို့ Nomination Dossier စာတွဲတင်ပြပြီးဖြစ်သည်။ UNESCO ၏မူဘောင်အရ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း အချို့သောကိစ္စရပ်များ နှင့်ပတ်သက်၍ ကန့်သတ်မှုများ ရှိသော်လည်း အဘက်ဘက်က အဆင်ပြေနိုင်မည့် အစီအမံများကို စီစဉ်ထားရှိကြောင်းနှင့် အဆိုပါ အစည်းအဝေးမှ အားလုံးမင်္ဂလာရှိသော အဖြေများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...