Social Icons

Pages

Friday, November 2, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတ နိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့အား လက်ခံ တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတ နိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့အား လက်ခံ တွေ့ဆုံ
-
နေပြည်တော်   နိုဝင်ဘာ   ၁
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည် တော်၌ ကျင်းပလျက်ရှိသော(၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာ  အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး (12th  AMMTC) နှင့် ဆက်စပ်အစည်း အဝေး များ၌ တက်ရောက် နေကြသည့် အာဆီယံ နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ တရုတ်၊ ဂျပန်၊  ကိုရီးယားနိုင်ငံတို့မှ  ဝန်ကြီး များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌  လက်ခံ တွေ့ဆုံသည်။
-
တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက (၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ  အာဆီယံ ဝန်ကြီးများ အဆင့် အစည်းအဝေးတွင်  ရလဒ်ကောင်းများ ရရှိအောင် ဆွေးနွေးကြကြောင်း၊ အောင်မြင်သည့် အစည်းအဝေး ဖြစ်ကြောင်း  ကြားသိရ၍ ဝမ်းမြောက်ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့်  ဆွေးနွေးဖက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကလည်း အရေးပါကြောင်း၊ နိုင်ငံဖြတ်ကျော်   စာမျက်နှာမှုခင်းများသည် အရေးကြီးသဖြင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး များတွင်  ဆွေးနွေးရသည့် ကိစ္စ တစ်ခု ဖြစ်ကြောင်း၊  အကြမ်းဖက်ကိစ္စများကလည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်း ခြောက်လျက် ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။
-
တွေ့ဆုံပွဲသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် မြင့်နွယ်၊  ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ ကိုယ်စား လှယ်များ ဖြစ်ကြသည့် ဘရူနိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. The Honourable Pehin Datu Lailaraja Major General (Retd.)Dato Paduka Seri Awang Haji Halbi bin Haji Mohd.Yussof၊ ကမ္ဘောဒီးယား နိုင်ငံမှ  Secretary of State H.E. Gen.Meach Sophana၊ အင်ဒိုနီးရှားနိုင်ငံ ရဲချုပ် H.E. Police General Prof. H. Muhammad Tito Karnavian ၊ လာအိုနိုင်ငံပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Police Major General SomvangThammasith့၊ မလေးရှား နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးချုပ် H.E. Dato' Alwi Bin Hj Ibrahim ၊ ဖိလစ်ပိုင် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ Undersecretary H.E. General Bernardo C. Florece, Jr. (Retd.) ၊ စင်ကာပူ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့်လွှတ်တော်ရေးရာ အတွင်းဝန် H.E. Amrin Amin၊ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး H.E. Sutee Markboon ၊ ဗီယက်နမ် နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Senior Lieutenant General Le Quy Vuong ၊ တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Du Hang Wei ၊ ဂျပန်နိုင်ငံ အမျိုးသားရဲ အေဂျင်စီ ဒုတိယရဲချုပ် H.E Matsumoto Mitsuhiro ၊  ကိုရီးယားနိုင်ငံ တရားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Kim O-su နှင့် အာဆီယံအတွင်း ရေးမှူးချုပ် H.E. Lim Jock Hoi တို့ တက်ရောက်ကြသည်။                     

-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...