Social Icons

Pages

Friday, November 2, 2018

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချ ထားရေး ဖွံ့ဖြိုး ရေး စီမံကိန်း (UEHRD)ကော်မတီ ပြင်ဆင် ဖွဲ့စည်း

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊  ပြန်လည် နေရာချ ထားရေး ဖွံ့ဖြိုး ရေး စီမံကိန်း (UEHRD)ကော်မတီ ပြင်ဆင် ဖွဲ့စည်း
-
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော် သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၈၁/၂ဝ၁၈

၁၃၈ဝ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်

(၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊  ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။      နိုင်ငံတော် သမ္မတရုံး၏ ၁၇-၁ဝ-၂ဝ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၈၆/၂ဝ၁၇ ဖြင့် ဖွဲ့စည်းခဲ့သော ''ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုး ရေးစီမံကိန်း (Union Enterprise  for  Humanitarian Assistance, Resettlement  and  Development in  Rakhine) ကော်မတီ''ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က)   ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

(ခ)     ဒေါက်တာဝင်းမြတ်အေး ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန                           

(ဂ) ဦးခင်မောင်တင်   ဒုတိယဥက္ကဋ္ဌ(၂) ဒုတိယဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန

(ဃ) ဦးကျော်လင်း    အဖွဲ့ဝင် ဒုတိယဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန

(င) ဒေါက်တာအောင်ထွန်းသက်      အဖွဲ့ဝင် ညှိနှိုင်းရေးမှူးချုပ် (UEHRD)

(စ) ဦးတိုးအောင် အဖွဲ့ဝင် (UEHRD)ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်

(ဆ) ဦးကျော်မြိုင်အဖွဲ့ဝင်  သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ  (UEHRD)

(ဇ) ဦးစိုးအောင် အတွင်းရေးမှူး ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန   

(ဈ) ဦးဇော်သန်းသင်း တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

၂။ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး  ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး ဆောင်ရွက်ရန်၊

(ခ) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊

(ဂ) ဒေသဖွံ့ဖြိုးရေးနှင့်ရေရှည်ပဋိပက္ခ ကင်းဝေးရေး ဆောင်ရွက်ရန်၊

(ဃ) ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ပံ့ပိုးမှုအပြင် ပြည်တွင်း/ ပြည်ပအလှူရှင်များ၏ ကူညီ ထောက်ပံ့ ငွေများဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ကော်မတီ၏ ဘဏ္ဍာရေးကိစ္စကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုအပြင် နိုင်ငံတကာ စာရင်းစစ် ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်း၍ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ရန်။

၃။      ဥက္ကဋ္ဌအနေဖြင့် အတိုင်ပင်ခံ အဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရန်ဖြစ်သည်။

၎။      လိုအပ်သည့် ကော်မတီရုံးအဖွဲ့  ဖွဲ့စည်းရန်နှင့်အုပ်ချုပ်မှု ကိစ္စရပ်များကို အတွင်းရေးမှူးက  ဥက္ကဋ္ဌ ထံတင်ပြ ဆောင်ရွက်ရန်ဖြစ်သည်။

၅။      ကော်မတီ၏အုပ်ချုပ်မှု ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော် သမ္မတ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...