Social Icons

Pages

Tuesday, November 13, 2018

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စက်ချုပ်သင်တန်း ဖွင့်လှစ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စက်ချုပ်သင်တန်း ဖွင့်လှစ်
-
နေပြည်တော်  နိုဝင်ဘာ  ၁၂
-
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်နှင့် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှ တပ်မတော်သား မိသားစုဝင်များအတွက် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်    တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊   သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
-
ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်း သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
-
အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်   တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသူ ၈၁ ဦးနှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှ သင်တန်းသူ ၁၉ ဦး စုစုပေါင်း သင်တန်းသူ ၁ဝဝ ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...