Social Icons

Pages

Tuesday, November 13, 2018

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ ပြုလုပ်

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ ပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၁၂
-
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ ကျိုင်းတုံမြို့၊ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်  အရာရှိ၊ စစ်သည်၊  မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်
-ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   သာသနာ့ဝေပုလ္လ ကျောင်းတိုက် ဆရာတော် မဟာဓမ္မာစရိယ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇယျထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

-
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ကထိန်လျာဉတ်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မအလှူငွေများ ပါဝင်သော ပဒေသာပင် ၄၅ ခုကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း၌ ကျိုင်းတုံမြို့တွင် လှည့်လည်၍ သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...