Social Icons

Pages

Friday, November 9, 2018

ကသာမြို့နယ်၊ ရှားပင်ကျေးရွာအနီး တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကသာမြို့နယ်၊ ရှားပင်ကျေးရွာအနီး တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
-
နေပြည်တော် နိုဝင်ဘာ ၈
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီခန့်တွင် ရှားပင်ကျေးရွာ၏ အရှေ့ဘက်မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌ တရားမဝင် ကညင်သစ်ခွဲသားဆိုဒ်စုံ ၁ တန်ခန့်နှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ၂၅ ကောင် အင်ဂျင်နှစ်လုံး၊ ဒိုင်နမိုတစ်လုံး၊ ၄ ပေလွှဝိုင်းတစ်ခု၊ တလိမ့်တုံး နှစ်ခု၊ ထော်လီ နှစ်ခု၊ ပတ္တားကြိုးတစ်ချောင်းနှင့်  ပီပါတစ်လုံးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
-
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများအား မိုးတားလေး သစ်တောဘိနယ်သို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...