Social Icons

Pages

Friday, November 9, 2018

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၈
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာခိုင်ကျေးရွာနေ စိုင်းလှမောင်(ဘ) ဦးလုံးရွက်ရီနှင့် စိုင်းဖုန်း(ဘ)ဦးလုံထွမ်းစံတို့ နှစ်ဦးသည် တောင်ယာသို့ သွားရောက်စဉ် နိုဝင်ဘာ ၆ ရက် ည ၉ နာရီခန့်တွင် တာခိုင်ကျေးရွာ၏ အနောက်ဘက်  မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား   တိုက်မိပေါက်ကွဲသဖြင့်   ၎င်းတို့နှစ်ဦးတွင်   မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သိန်းနီမြို့ရှိ   ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။
-
အဆိုပါ မိုင်းထိလူနာများအား နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများက သွား ရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...