Social Icons

Pages

Friday, November 9, 2018

တတိယအကြိမ်မြောက် အင်းသား အမျိုးသားနေ့ပြုလုပ်

တတိယအကြိမ်မြောက် အင်းသား အမျိုးသားနေ့ပြုလုပ်
-
နေပြည်တော်   နိုဝင်ဘာ  ၈ 
-
တတိယအကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြ သည်။
-
ဦးစွာ အင်းလေးစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ အင်းသားရိုးရာ လံစည်အကဖြင့် အင်းသားအမျိုးသားနေ့ကို ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှည့်ကျသဘာပတိတို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။

-
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းသားအမျိုးသားနေ့ တိုင်းရင်းသားရိုးရာ အရောင်းပြခန်းများ၌ ခင်းကျင်းပြသ ထားမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...