Social Icons

Pages

Monday, November 19, 2018

ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ မိတ္ထီလာမြို့နယ်၌ကျင်းပ

ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ မိတ္ထီလာမြို့နယ်၌ကျင်းပ
-
မိတ္ထီလာ နိုဝင်ဘာ ၁၈ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ပြည် ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်း ညီညွတ်စွာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆို ထောက်ခံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာ ကန်ပေါင်၌ ကျင်းပသည်။
-
အဆိုပါ ကြိုဆိုထောက်ခံပွဲတွင် မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ဦးဝင်းဇော် ဦးဆောင် သော ဒေသခံအင်အား ၁ဝဝဝ ခန့်တို့က ပြည်ထောင်စုဖွား တိုင်းရင်းသား ၁၃၅ မျိုး အကျိုးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အပြည့်အဝ ထောက်ခံသည်၊ တိုင်းပြည် တည်ငြိမ်ကောင်းမွန်ရေးနှင့် အလုံးစုံငြိမ်းချမ်းရေး ရရှိရေး တပ်မတော်ကို အစဉ်အားပေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး... တို့အရေး... တို့အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး တို့အရေး...တို့အရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ ပြည်ထောင်စုမှ ထာဝရခွဲမထွက်ရေး တို့အရေး... တို့အရေး၊ ပြည်ထောင်စုမပြိုကွဲရေး တို့အရေး... တို့အရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး တို့အရေး... တို့အရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ မိတ္ထီလာကန်ပေါင် မဂ္ဂင်လမ်းနန်းတော် ဟိုတယ်ထောင့်မှ နာရီစင်- ဈေးအနောက်ဘက် (ရန်ကုန်- မန္တလေးကားလမ်း) ဒုတိယ လမ်းတော်အတိုင်း ဇွဲရုံထိပ်မှ ရတနာမာရ်အောင်လမ်း၊ ထိုမှတစ်ဆင့် တော်ဝင်နန်း မီးပွိုင့် အတိုင်း ပြည်ထောင်စုကြီး ထာဝရ မပြိုကွဲရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေး သုံးပါး ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ်ဝန်းရံရေး၊ ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော် ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင် ကြ စသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ကြသည်။
-ထို့နောက် မိတ္ထီလာကန်ပေါင်ပေါ်တွင် တပ်မတော်ကို ထောက်ခံသည့်ဒေသခံ ၁ဝဝဝ ကျော်တို့ က နိုင်ငံတော်အလံနှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ရဲဘော်သုံးကျိတ်နှင့် ခေတ်အဆက်ဆက် နိုင်ငံတော် ကာကွယ်စောင့် ရှောက်ခဲ့သော မြန်မာတပ်မတော်သား အပေါင်းအား အလေးပြု ကြပြီး ရန်ကုန်မန္တလေး မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှပေးပို့သော သဝဏ်လွှာကို ဆရာတော် ဦးအဂ္ဂဓဇက ဖတ်ကြားကြောင်း သိရသည်။
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၁၃၃ ကြိမ် စုစုပေါင်းအင်အား ၆၈၁၄ဝဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
(၆ဝ၂)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...