Social Icons

Pages

Monday, November 19, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ
-
ကလော နိုဝင်ဘာ ၁၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် မောမြေဦးပန်းခြံနှင့် နာရီစင်အနီး၌ ယနေ့ နံနက် ပိုင်းတွင် ကလောမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့များကကြီးမှူး၍ တပ်မတော်ကို ထောက်ခံ ခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ သည်။
-
အဆိုပါ ထောက်ခံပွဲတွင် ကလောမြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးသန်းအေး (အငြိမ်းစား) က ''တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ် တယ်။နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဟာ မရှိမဖြစ်လိုအပ်တယ်။ ဒါကြောင့်တပ်မတော်ကို ထောက်ခံတဲ့အနေနဲ့ အခုလို ထောက်ခံပွဲကျင်းပရခြင်းဖြစ်တယ်''ဟု ပြောသည်။
-
ထောက်ခံပွဲတွင် ကလောမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အား ၃ဝဝ ဦးတို့ က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှတို့ လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၃၂ ကြိမ် စုစုပေါင်း အင်အား ၆၈ဝ၄ဝဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
(၆ဝ၃)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...