Social Icons

Pages

Monday, November 19, 2018

သရက်သီးဖြင့် အဆင့်မြှင့် စားသောက်ကုန်များ တိုးချဲ့ ထုတ်လုပ်ရန်စီစဉ်

သရက်သီးဖြင့် အဆင့်မြှင့် စားသောက်ကုန်များ တိုးချဲ့ ထုတ်လုပ်ရန်စီစဉ်
-
မန္တလေး  နိုဝင်ဘာ  ၁၈ 
-
မန္တလေးတိုင်းဒေသကြီး၌    ခေတ်မီနည်းစနစ်များဖြင့် စားသောက်ကုန် ပစ္စည်းများ  တိုးချဲ့ထုတ်လုပ်ရန်  စီစဉ်လျက်ရှိရာ မကြာမီ သရက်သီးဖြင့် အဆင့်မြှင့် စားသောက်ကုန်များ  တိုးချဲ့ထုတ်လုပ်မည် ဖြစ်ကြောင်း သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ထံမှ သိရသည်။
-
သရက်သီးဖြင့်  အဆင့်မြှင့်စားသောက် ကုန်စည်များ   တိုးချဲ့ထုတ်လုပ်ပြီးပါက မန္တလေးမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့မည့် အစီအစဉ်များကိုပါ ထပ်မံလုပ်ဆောင် မည်ဖြစ်၍ ပြည်တွင်းမှ စားသောက်ကုန် ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ နိုင်ငံတကာမှ စားသောက်ကုန်နှင့် နည်းပညာ ကျွမ်းကျင်သူများက    ထုတ်လုပ်မှု နည်းပညာများကို လာရောက်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
-
''အထူးသဖြင့် သရက်သီးကို စားသောက် ကုန်အဖြစ် ပုံစံအမျိုးမျိုး ထုတ်လုပ်လို့ရပါတယ်။ သရက်သီးကို  ပြည်တွင်းက စားသုံးသူတွေကလည်း  နှစ်သက်ကြသလို  နိုင်ငံတကာက စားသုံးသူတွေကလည်း သဘောကျကြတာကြောင့် သရက်သီးကို နည်းပညာမြင့်  စားသောက်ကုန်တွေအဖြစ် ထုတ်လုပ် ဖို့ပြင်ဆင်နေတာပါ။  မကြာခင်မှာ အဆင့်မြှင့် သရက်သီး စားသောက်ကုန်အကြောင်းကို လူတိုင်းသိရှိနိုင်အောင်  လုပ်ဆောင်ပေးပါ မယ်''ဟု ဒေါ်သန်းသန်းဆွေ ကပြောသည်။
-အဆင့်မြှင့် စားသောက်ကုန် ပြုလုပ်ရာတွင် မန္တလေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိသည့် သရက်အပြင် ဖရဲ၊ သခွား၊ သံပရာ၊ ဆီး၊ စပျစ်  စသည့် သစ်သီးမျိုးစုံကိုလည်း အဆင့်မြှင့် စားသောက်ကုန်အဖြစ် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...