Social Icons

Pages

Wednesday, August 8, 2018

စက်ရုံအလုပ်ရုံများ ဥပဒေနှင့်အညီလုပ်ဆောင်မှု ရှိ၊မရှိ စစ်ဆေးသွားမည်



မန္တလေး ၈-၈-၂ဝ၁၈

မန္တလေးမြို့ရှိ လက်ရှိလည်ပတ် လုပ်ကိုင်နေသည့် စက်ရုံ အလုပ်ရုံများအား ဥပဒေနှင့်အညီ လုပ်ဆောင်မှု ရှိ၊ မရှိ ယခုလအတွင်း လိုက်လံစစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

ယခုလအတွင်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများကို စစ်ဆေးသွားမည် ဖြစ်ပြီး အဆိုပါ မြို့နယ်များအတွင်းရှိ သစ်စက်များ၊ ပလတ်စတစ်စက်ရုံ၊ ပုံနှိပ်လုပ်ငန်းနှင့် မုန့်မျိုးစုံ လုပ်ငန်းများကို အဓိကထား၍ လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

"မြို့နယ်တွေမှာ လုပ်ကိုင်နေတဲ့  လုပ်ငန်းတွေအနေနဲ့ လက်ရှိဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့စက်မှု လုပ်ငန်းဥပဒေနဲ့ ကိုက်ညီအောင် လုပ်ကိုင်မှု ရှိ၊ မရှိစစ်ဆေးတဲ့အပြင် စွန့်ပစ်အရည်၊ အခိုးအငွေ့ထွက်တဲ့ စက်ရုံလုပ်ငန်း တွေဆိုရင်လဲ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိလား၊ မရှိလားဆိုတာပါ တစ်ခါတည်း စစ်ဆေးသွားမယ်။ ဥပဒေနဲ့မကိုက်ညီတာ၊ ပတ်ဝန်းကျင်ထိခိုက်တာတွေ စစ်ဆေးတွေ့ရှိရင် ပြန်လည်ပြင်ဆင်ဖို့၊ အကြံပေးတာတွေ၊ ပညာပေးတာတွေပါ လုပ်ဆောင်သွားမှာပါ"ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောပြသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရေဆိုးစွန့်ထုတ် စက်ရုံများ၊ မီးခိုးပြာထွက်စက်ရုံများ၊ ဘွိုင်လာအသုံးပြုသည့် စက်ရုံများ၊ လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများပတ်ဝန်းကျင်တွင် Water Pollution နှင့် air Pollution ဖြစ်ပွားမှု ရှိ၊ မရှိ၊ လိုအပ်သည့် စွန့်ပစ်စနစ်များ၊ အရည်အသွေးပြည့် မီမှုများမှန်ကန်မှု ရှိ၊ မရှိ၊ စက်ရုံများ၏လည်ပတ်မှု၊ ကောင်းမွန်သည့် ထုတ်လုပ်မှုဖြစ်စဉ်၊ ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့်လျှပ်စစ်ပိုင်း၊ ဘွိုင်လာပိုင်းအပြင် စက်မှုလုပ်ငန်းဥပဒေနှင့် အညီလုပ်ကိုင်ခြင်း ရှိ၊ မရှိကိုပါ လိုက်လံကြပ် မတ်စစ်ဆေးသွားမည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း စုစုပေါင်းစက်ရုံ လုပ်ငန်းပေါင်း ၄ဝဝကျော်ထိ စစ်ဆေးသွားရန် လျာထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...