Social Icons

Pages

Tuesday, June 12, 2018

ဒလမြို့မှ ရန်ကုန်ဆိပ်ကမ်းသို့ Yangon Water Bus စတင်ပြေးဆွဲ



ရန်ကုန် ၁၂-၆-၂ဝ၁၈

ဒလ (ဆာဗာချောင်) မှ ရန်ကုန် (မော်တင်၊ပန်းဆိုးတန်း၊ ဗိုလ်တထောင်) ဆိပ်ကမ်းသို့  ကို ယနေ့မှစ၍ ပြေးဆွဲလျက်ရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီတာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

ပထမနေ့တွင် အခမဲ့ပြေးဆွဲပေးပြီး မိုးကြီးလေကြီး ချိန်တွင် ဒလနှင့် ရန်ကုန်သို့ကူးကာ အလုပ်လုပ်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆေးရုံဝန်ထမ်းများ အခက်အခဲရှိနေ၍ တောင်းဆိုမှုကြောင့် အရေးပေါ်စီမံချက် အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လေကြီးမိုးကြီးတဲ့ အချိန်တွေမှာ ဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ အန္တရာယ် ရှိနေပေမယ့်လည်း သွားရပါတယ်။ တစ်ခါတလေ လှိုင်းတွေရှိပြီး လေတွေတိုက်တဲ့အခါ လှေထဲရေဝင်ရင် သူတို့ တအားကြောက်ရတယ်။ အခုက ကျောင်းဖွင့် ရာသီလည်း ဖြစ်တယ်။ ဝန်ထမ်းတွေ အမီသွားနိုင်အောင် ဒါကို အရေးပေါ် စီမံချက်အနေနဲ့ လုပ်လိုက်တာပါ'' ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လမ်းကြောင်းများကို နေ့စဉ်ပြည်တွင်း သင်္ဘောတစ်စင်းနှင့် နိုင်ငံခြားနှစ်ထပ် သင်္ဘောနှစ်စင်း တို့ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ် တစ်ခေါက်လျှင် ငွေကျပ် ၃ဝဝ နှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ငွေကျပ် ၂ဝဝ ဖြင့်ပြေးဆွဲ ပေးမည် ဖြစ်သည်။

နံနက် ၇ နာရီမှ ၉ နာရီခွဲအထိ မိနစ်၂ဝ ခန့်တစ်ကြိမ် ဒလ(ဆာဗာချောင်)မှ ပြေးဆွဲပေးမည်ဖြစ်ပြီး ညနေ ၄ နာရီမှ ည ၇ နာရီအထိ မိနစ် ၂ဝ ခန့်တစ်ကြိမ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးနင်းခကို Yangon Water Bus များဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်ပြီး လက်ရှိပြေးဆွဲ နေသည့် စက်တပ် ရေယာဉ်ငယ်များ အဆင်ပြေစေရန် ညှိနှိုင်းထားကာ သင်္ဘော အခေါက်ရေခြား၍ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ ဆိပ်ကြီး ခနောင်တို၊ အံ့ကြီးဆိပ်၊ သမ္မတကမ်းခြေတို့ တွင်လည်း ဆက်လက်ချဲ့ထွင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...