Social Icons

Pages

Tuesday, June 12, 2018

နိုင်ငံခြားခရီးသွား ဧည့်သည်များ နယ်မြို့များသို့ ခရီးထွက်ရာတွင် နယ်ခံဧည့်လမ်းညွှန်တစ်ဦး ပါရှိရမည်



ရန်ကုန် ၁၂-၆-၂ဝ၁၈

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းအနေဖြင့် နယ်မြို့များရှိ ဧည့်လမ်းညွှန်များ အလုပ်ကိုင် အခွင့်အလမ်းရရှိစေရန် ဇူလိုင်လမှစ၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ နယ်မြို့များသို့ ခရီးထွက်ရာတွင် နယ်ခံ ဧည့်လမ်းညွှန် တစ်ဦးကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည့် လုပ်ငန်းစဉ်အား ကျင့်သုံးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းထံမှ သိရသည်။

အဆိုပါ လုပ်ငန်းစဉ် အားကျင့်သုံးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အပါအဝင် ခရီးသွားနှင့် သက်ဆိုင်သော တခြားအဖွဲ့အစည်းများထံ တင်ပြထားပြီး ဖြစ်သည်။

''နယ်ခံ ဧည့်လမ်းညွှန်တစ်ဦး မဖြစ်မနေ ထည့်ရမယ့် လုပ်ငန်းစဉ်ကို ပြည်ပခရီးသွား ကုမ္ပဏီတွေအနေနဲ့ လိုက်နာဆောင်ရွက် ရမှာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ အကောင်အထည် ဖော်မှာဖြစ်ပါတယ်'' ဟု ဦးအောင်
ထွန်းလင်းက ပြောသည်။

ယင်းအစီအစဉ် စတင်သည့် အချိန်မှစ၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေဖြင့် နယ်သို့ ခရီးသွားသည့်အခါ ကုမ္ပဏီမှ ငှားပေးထားသော ဧည့်လမ်းညွှန် တစ်ဦးပါသော်လည်း နယ်ခံဧည့်လမ်းညွှန် တစ်ဦးကို ထပ်မံငှားရမ်း ရမည်ဖြစ်သည်။

''နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အနေနဲ့ ဒေသခံဧည့်လမ်းညွှန် ပါတဲ့အတွက် မိမိတို့သွားတဲ့ နေရာကို နှံ့နှံ့စပ်စပ်သိနိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ထွန်းလင်း ကပြောသည်။

လက်ရှိတွင် နယ်မြို့များရှိ ဧည့်လမ်းညွှန်များမှာ အလုပ်အကိုင် အခွင့်အလမ်းရှား ပါးခြင်းကြောင့် ၎င်းတို့အနေဖြင့် တခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် နေရသည့် အနေအထား ဖြစ်ပေါ်နေပြီး ယင်းလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ပါက နယ်ဧည့်လမ်းညွှန် များအတွက် အဆင်ပြေ နိုင်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဧည့်လမ်းညွှန် လက်မှတ်ရယူ ထားသူဦးရေ တစ်သောင်းကျော် ရှိသည့်အနက် ငါးထောင်ဦး ခန့်သာ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေကြပြီး အဆိုပါအလုပ်ရရှိ နေသူအများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ဧည့်လမ်းညွှန်များ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...