Social Icons

Pages

Friday, June 22, 2018

ချမ်းအေး သာစံမြို့နယ်ရှိ RC ငါးထပ်အတွင်း အဲကွန်းမီးဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၂-၆-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် အကွက် ၆ဝ၁၊၇၆လမ်း၊ ၂၇လမ်း-၂၈လမ်းကြားပိုင်ရှင် ဦးစိုးလှိုင်၏ ပေ(၃ဝ×၂ဝ) RC ငါးထပ် (ဦးစိုးလှိုင် ကိုယ်ပိုင် အထက်တန်းကျောင်း) အတွင်း၌ဇွန် ၂ဝရက် ည ၁ဝနာရီ ၄၈မိနစ်က ဒုတိယထပ်အိပ်ခန်းတွင် အဲကွန်း မီးဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၁၅ဦး၊ အရန်မီးသတ်ဦးရေ ၅ဝ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ရေဂါလန် ၄ဝဝ အသုံးပြု ငြှိမ်းသတ်ခဲ့ပြီး ည ၁ဝနာရီ ၅၅မိနစ်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကဲကွန်းတစ်လုံးနှင့် အဝတ်အစားအနည်းငယ် မီးလောင်ဆုံးရှုံးပြီး တန်ဖိုးငွေကျပ် ၈၅ဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းတာဝန်ခံဖြစ်သူ အေးကိုကို (ဘ) ဦးတင့်ဆွေကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းက (ပ)၃၄၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမူဖွင့်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...