Social Icons

Pages

Friday, May 4, 2018

တန် ၅ဝဝဝ ကျ ကျောက်မီးသွေး စနစ်သုံးဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြား



မန္တလေး ၄-၅-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် အတွင်းတွင် တည်ဆောက်မှုပြုလုပ် နေသည့်တန် ၅ဝဝဝကျ ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများက မကျေနပ်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ စာ တင်တိုင်ကြားထားကြောင်း အဆိုပါဒေသရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါတန် ၅ဝဝဝ ကျ ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ဒေသအတွက် နစ်နာမှုများ ရှိနေသည့်အတွက် ဒေသခံအချို့က ကန့်ကွက်နေကြပြီး ဧပြီလကုန်ပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံ ဦးရွှေအုန်းကပြောပြ၍ သိရသည်။

"ကုမ္ပဏီရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူး။ သူတို့ရဲ့လုပ်ရပ်ကြောင့် လူမှုရေးတွေ၊ ဘာသာရေး တွေကိုပါ ထိခိုက်လာနေတယ်။ နောက်ပြီးအဆိုးဆုံးက ရပ်ရွာထဲမှာ ရွာသူရွာသားအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေတယ်။ သူတို့က အလှူအတန်းကို အကြောင်းပြပြီး လုပ်ဆောင်နေတာတွေ ရှိနေတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဘိလပ်မြေစက်ရုံ စီမံကိန်း တည်ဆောက်နေမှုကြောင့် ဒေသခံရွာသား အချို့နှင့် ကုမ္ပဏီတို့သည် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားနေပြီး ကုမ္ပဏီကားများ ဖြတ်သန်းသွားလာခြင်းကို ဒေသခံရွာသား အချို့က မတ်၃ဝရက်မှ စတင်၍ ပိတ်ဆို့ထားမှုကို ယနေ့အချိန်ထိ ပြုလုပ်ထားကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောပြသည်။

ထိုကဲ့သို့ ကုမ္ပဏီကားများ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က တရားလိုပြုလုပ်ကာ ပုဒ်မ ၃၄၁ ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ဒေသခံရွာသားငါးဦးကို တရားစွဲဆို ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...