Social Icons

Pages

Friday, May 4, 2018

မန္တလေးတိုင်းဒေသကြီး ခရိုင်နှစ်ခုအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် လျာထားဧကထက် နွေစပါး ဧက၂၄ဝဝနှင့် နွေနှမ်း ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ရေး ရေလွှတ်ပေးခဲ့



မန္တလေး ၄-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ရုံးအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ ငါးမြို့နယ်အတွင်း ဆည်တော်ကြီးနှင့် မာလဲနတ်တောင် ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်တို့မှ နွေစပါးလျာထား ဧကထက် ဧက ၂၄ဝဝ နှင့် နွေနှမ်းလျာထား ဧကထက် ၃၆၄၉ ဧက ပိုမိုစိုက်ပျိုးနိုင်ရန် ရေလွှတ်ပေးနိုင်ခဲ့ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးထံမှ သိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် စဥ့်ကူးမြို့နယ်တို့တွင် ဆည်တော်ကြီး ရေလှောင်တမံ ဆည်ရေသောက်နှင့် မာလဲနတ်တောင် ရေလှောင်တမံ ဆည်ရေသောက်မှ နွေစပါး ၆၈၉၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၇၁၃၄၂ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ဧက ၂၄ဝဝ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆည်တော်ကြီး ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းကို စိုက်ပျိုးရန် ၂၁၁၇ဧက လျာထားခဲ့ရာမှ ၅၇၆၆ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါးနှင့် နွေနှမ်းရာသီအတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ၇၄၅၁၄ ဧက၊ မာလဲနတ်တောင် ရေလှောင်တမံမှ ၂၄၅၅ ဧကနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းအတွက် ၁၃၉ဧက ရေဖြန့်ဝေ ပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...