Social Icons

Pages

Monday, April 23, 2018

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၌ သစ်မာတန် ၁၁ဝဝဝ ထုတ်လုပ်ရန် မျှော်မှန်းခဲ့ သော်လည်း တန် ၉ဝဝဝ သာ ထုတ်လုပ်နိုင်ခဲ့



မန္တလေး ၂၃-၄-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး အတွင်းသစ် ထုတ်လုပ်ခြင်း လုပ်ငန်းများ အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၌ သစ်မာတန် ၁၁ဝဝဝ ထုတ်လုပ်ရန် မျှော်မှန်းခဲ့သော်လည်း တန်၉ဝဝဝ သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးမြန်မာ့သစ်လုပ်ငန်း အုပ်ချုပ်ရေးနှင့် စီမံကိန်းမန်နေဂျာ ဦးမြင့်လွင်ဦးထံမှ သိရသည်။

အဆိုပါ သစ်မာတန် ၉ဝဝဝ ကို စဥ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မတ္တရာမြို့နယ် အတွင်းရှိ မတ္တရာကြိုးဝိုင်းနှင့် နန်ပန့်သဲနီ ကြိုးဝိုင်းတို့မှ ထုတ်ယူခဲ့ကြောင်း သိရသည်။

"အဓိကတော့ဆင်ပါ။ ဌာနပိုင်ဆင်အနေနဲ့ ၆၁ ကောင်ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သတ်မှတ်ထားတာက ဆင်တစ်ကောင်က တစ်နှစ်ကို တန် ၁၈ဝ လောက် ဆွဲခိုင်းတာပါ။ ဒါကြောင့်ဆင် ဆွဲနိုင်မယ့် အရေအတွက်ကိုပဲ ထုတ်လုပ်ခဲ့တာပါ"ဟု မြန်မာ့သစ်လုပ်ငန်း အုပ်ချုပ်ရေးနှင့် စီမံကိန်းမန်နေဂျာ ဦးမြင့်လွင်ဦးက ပြောပြသည်။

မြန်မာ့သစ်လုပ်ငန်း (မန္တလေး) အနေဖြင့်ဇွန်လမှစတင်ပြီး ပင်ထောင်မှတ်ခြင်၊ ခုတ်လှဲခြင်းနှင့် ဆင်ဆွဲခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီး သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ပွင့်လင်းရာသီဖြစ်သည့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အနေဖြင့် သစ်မာတန် ၃၃ဝဝဝဝ နှင့် ကျွန်းသစ်တန် ၁၅ဝဝဝ၊ မန္တလေးတိုင်းဒေသကြီး အနေဖြင့် သစ်မာတန် ၉ဝဝဝ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ၎င်းထံမှသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...