Social Icons

Pages

Thursday, April 12, 2018

စက်မှုလယ်ယာ စနစ်ကို စိတ်ဝင်စားမှုကြောင့် တောင်သူများ ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့ စက်များ ဝယ်ယူမှုများပြားလာ



နေပြည်တော် ၁၂-၄-၂ဝ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက် နေမှုကို တောင်သူများ အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်လာကာ ဝန်ကြီးဌာနမှ အရစ်ကျစနစ်ဖြင့် ဖြန့်ချိရောင်းချပေးနေသည့် ထွန်စက်ကြီးများနှင့် ရိတ်သိမ်းခြွေလှေ့ စက်များကို ဝယ်ယူမှုများပြား လာနေကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

စက်မှုလယ်ယာ ဦးစီးဌာန အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လက်တွန်းထွန်စက် ၁၅၃ဝ၆ စီး၊ ထွန်စက်ကြီး ၃၆၃ စီးတို့ကို နှစ်နှစ် သုံးရစ်ဆပ် အရစ်ကျစနစ် ဖြင့်လည်းကောင်း၊ သုံးနှစ် ခုနစ်ရစ် ဆပ်စနစ်အရ စက်တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ပထမအရစ် ပေးသွင်းပြီး စက်ရယူကာ ကျန် ၉ဝ ရာခိုင်နှုန်းကို ခြောက်လတစ်ဖြတ် ၁၅ ရာခိုင်နှုန်းဖြင့် ခြောက်ကြိမ်ခွဲ၍ ပြန်လည်ပေးသွင်းခြင်း ဖြင့်လည်းကောင်း ထွန်စက်ကြီး ၁၃၈၅စီးနှင့်
ရိတ်သိမ်း ခြွေလှေ့စက် ၅၉စီးတို့ကို တောင်သူများ၏ လိုအပ်ချက်အရ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင်စက်သက်တမ်း ၁၅နှစ်မှ ၅၅နှစ်ထိ ထွန်စက်ဟောင်း တစ်စီးလျှင်ငွေကျပ် သိန်း ၂ဝခန့်၊ လက်ငင်း၊ အရစ်ကျစနစ်ဖြင့် ထွန်စက်ဟောင်း ၃၉၅စီး ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"အခုဆိုရင် ဝန်ကြီးဌာနက အကောင်အထည် ဖော်နေတဲ့ စက်မှုလယ်ယာစနစ်ကို တောင်သူတွေ ကိုယ်တိုင်ကလဲ စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံလာတဲ့အတွက် စက်မှု လယ်ယာစနစ်ကို ပီပီပြင်ပြင် စတင်ဖော်ဆောင် နေပါတယ်။ ရိုးရှင်းလွယ်ကူစွာ တည်ဆောက်ထားတဲ့၊ ဈေးနှုန်းချိုသာတဲ့ လယ်ယာသုံး စက်ကိရိယာတွေ တိုးတက် ထုတ်လုပ်ပေးဖို့ လိုအပ်တယ်။ နိုင်ငံတကာက နည်းပညာသစ်တွေကို သက်ဆိုင်ရာဌာနရဲ့ သုတေသန ရလဒ်တွေနဲ့ပေါင်းစပ်ပြီး သုံးစွဲသူတောင်သူတွေရဲ့ တောင်းဆိုချက်နဲ့ ရေ၊ မြေ၊ ရာသီဥတုနဲ့ သီးနှံအလိုက် အသုံးပြုနိုင်တဲ့၊ အရည်အသွေး မြင့်မားတဲ့ စက်ကိရိယာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အားထုတ်ကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဧပြီ ၉ ရက်က ပျဉ်းမနားမြို့ အမှတ် (၁) အလတ်စားလယ်ယာသုံး စက်ကိရိယာ ပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးစက်ရုံမှာ ဝန်ကြီးကိုယ်တိုင် မှာကြားထားပါတယ်"ဟု စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာ
မြေဖော်ထုတ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...