Social Icons

Pages

Tuesday, March 20, 2018

သစ်တောစိုက်ခင်းများ စနစ်တကျ တည်ထောင်ပေးခြင်းဖြင့် တာရိုင်းတိရစ္ဆာန် ပေါကြွယ်ဝမှုကို အထောက်အကူဖြစ်စေမည်



နေပြည်တော် ၂ဝ-၃-၂ဝ၁၈

ကြားခံနယ်မြေအတွင်း ဒေသမျိုးကို အသုံးပြု၍ သစ်တောစိုက်ခင်းများ စနစ်တကျ တည်ထောင်ပေးခြင်း အားဖြင့် သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးပွား လာမည်ဖြစ်ပြီး နေရင်းဒေသများ ဖန်တီးပေး သကဲ့သို့ဖြစ်ကာ အခြားသစ်တောထွက်ပစ္စည်းများနှင့် တောရိုင်း တိရစ္ဆာန် ပေါကြွယ်ဝမှုကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ကောက်နုတ်ချက်များအရ သိရသည်။

ဒေသသစ်မျိုးကို စိုက်ပျိုးသည် ဆိုသော်လည်း သစ်မျိုးတစ်မျိုးတည်းကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပါက ဂေဟစနစ်၏ ဟန်ချက်ကို တိမ်းစောင်းစေနိုင်ပြီး ရောဂါပိုးမွှား ဖျက်ဆီးမှု အန္တရာယ်ကြီးမားစေနိုင်သည့် အတွက်ကြောင့် အထူးသတိပြုရန် လိုအပ်ကြောင်း၊ စိုက်ခင်းငယ်များကို ပြည်ပမှတင်သွင်း လာသည့် သစ်မျိုးများဖြင့် စိုက်ပျိုးတည်ထောင်ခြင်း သည်လည်း အချို့သော အခြေအနေများတွင် အကျိုးများ တတ်သည်ကို တွေ့ရှိနိုင်ပြီး သဘာဝတောရိုင်း တိရစ္ဆာန်များ အတွက်လည်း စားကျက်နယ်မြေ ကျယ်ပြန့်လျက် တောရိုင်းတိရစ္ဆာန် အရင်းအမြစ် ထူထောင်ရာလည်း ရောက်ကြောင်း သိရသည်။

လူနေလွန်စွာ ထူထပ်သည့် ဧရိယာများတွင် အဆိုပါစိုက်ခင်းများကို တည်ထောင် ပေးခြင်းအားဖြင့် ဒေသသုံးသစ်များ ရရှိနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားခြင်း၊ သဘာဝသစ်တောများကို ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး သဘာဝ တောပတ်လည်တွင် ဒေသသုံးစက်မှု ကုန်ကြမ်းစိုက်ခင်းများ တည်ထောင်ပေးခြင်းဖြင့် အဆိုပါသဘာဝ တောများ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းမှုကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...