Social Icons

Pages

Tuesday, March 20, 2018

မော်လမြိုင်မြို့တွင် ငွေကျပ်သိန်း ၃ဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



မော်လမြိုင် ၂၀-၃-၂၀၁၈

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်စက်မှုဇုန် လုံခြုံရေးဂိတ်တွင် ယာဉ်များကို စစ်ဆေးနေစဉ် မော်တော်ယာဉ် တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၈ဝကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း စက်မှုဇုန် နယ်မြေရဲစခန်းမှ သိရသည်။

စက်မှုဇုန်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မတ် ၁၈ ရက်ညနေ ၃ နာရီ မိနစ်၃ဝက မော်တော်ယာဉ်များကို ပိတ်ဆို့ စစ်ဆေးနေစဉ် ဘားအံဘက်မှ မော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်း စောချစ်အောင်စု၊ စောအောင်ရဲဆွေ တို့နှစ်ဦး လိုက်ပါလာသော Honda Fit ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယာဉ်နှင့် ပတ်သက်သော အထောက်အထား စာရွက်စာတမ်း မရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ယာဉ်ကို ဆက်လက်စစ်ဆေးရာ မော်တော်ယာဉ် နောက်ခန်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၇၆ဝဝ၊ အစိမ်းရောင်ဆေးပြား ၈ဝ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၃၈ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွ ဆေးပြားများနှင့် ပတ်သက်၍ ယာဉ်ပေါ်ပါနှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ ဆေးပြားများကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး နောင်လုံးကျေးရွာနေ စောတင်ညွန့်က ကြာအင်းဆိပ်ကြီးမြို့နယ်ခလယ်တံခွန်တိုင်ကျေးရွာသို့ ပို့ဆောင်ပေးရန်စေခိုင်း ခဲ့သဖြင့်သွားရောက် ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသော စောအောင်ချစ်စု၊ စောအောင်ရဲဆွေနှင့် ဆေးပြားများ သယ်ဆောင်ခိုင်းသူ စောတင်ညွန့်တို့ကို စက်မှုဇုန် နယ်မြေရဲစခန်းက မယ(ပ)၂/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...